Wednesday, 7 March 2012

လူငယ်တစ်ယောက်၏ အတ္ထုပ္ပတ္တိ

တခါက ဥာဏ်အလွန်ကောင်းသည့် ကောင်လေးတစ်ယောက် ရှိခဲ့သည်။ သူဥာဏ်ကောင်းသည်ကို ပတ်ဝန်းကျင်ကလဲ အသိအမှတ်ပြုကြ၏။ သူဥာဏ်ကောင်းပုံကို ငယ်ငယ်ကတည်းက စာသင်ပေးခဲ့သည့် မိဘနှစ်ပါးက တဖွဖွ ချီးမွမ်းလေ့ ရှိကြသလို၊ ကျောင်းစာသင်ခန်းထဲတွင် ဆိုလျှင်လဲ ဆရာ၊ ဆရာမများ၏ အသိအမှတ်ပြုခြင်းကို ခံရသူ  ဖြစ်၏။ သူသည် စာဖတ်ခြင်းကိုလဲ အလွန်ဝါသနာပါသည်။ ထို့ ကြောင့် သူ့ တွင် ငယ်ရွယ်စဉ်ကပင် စာဖတ်သည့် အလေ့အထ ရှိခဲ့၏။  သူစိတ်ဝင်တစားဖြင့် ဖတ်ခဲ့သည့် စာအုပ်များကို သူ့ မှတ်ဥာဏ်တွင် မှတ်မိနေတတ်သည်။ သိုင်းဝတ္ထုကဲ့သို့ သော ဇာတ်လမ်းတွဲ စာအုပ်မျိုးကို ဖတ်ပြီးလျှင်ပင် သူ့ အာရုံတွင် စွဲမြဲစွာ မှတ်မိနေတတ်၏။ ထိုဇာတ်လမ်းတို့ ကို သူငယ်ချင်းများအား ပုံပြင်သဖွယ် ပြန်ပြောပြလေ့ ရှိခြင်းကြောင့် သူငယ်ချင်းများကလဲ သူ့ မှတ်ဥာဏ်ကောင်းပုံကို ငယ်ငယ်ကပင် ချီးကျူးစကား ဆိုလေ့ရှိကြသည်။ သူသည် ထိုကဲ့သို့ ဥာဏ်ကောင်းသော ကောင်လေး တစ်ယောက် ဖြစ်သည်။ သို့ သော် ဥာဏ်ကောင်းသော ကလေးများ ထုံးစံအတိုင်း သူသည်လဲ အဆော့မက်ပြီး စာကျက်ဖို့ ကို အလွန်ပျင်းသည်။ စာသင်ခန်းထဲတွင် ဆရာမ စာရှင်းပြပြီး နဲနဲလောက် ပြန်နွေးလိုက်ရုံဖြင့် ထိုစာကို သူရနေတတ်၏။ ထို့ ကြောင့် စာကို သေချာမလုပ်ဘဲ ပြီးပြီးရော လုပ်တတ်လာသည်။ စာလုပ်ဖို့ ထက် စာအုပ်ဖတ်ဖို့ ကို အားပိုသန်လာ၏။ စာကို ဖိဖိစီးစီး မလုပ်သဖြင့် ဟိုအရင်က ပုံမှန်ဆုရလေ့ ရှိသော်လဲ နောက်ပိုင်း အတန်းထဲတွင် အဆင့်များ တဖြည်းဖြည်း ကျလာသည်။ စားဝတ်နေရေး အတွက် လုံးပန်းနေရသည့် မိဘများကလဲ သူ့ ကို သေချာပြန်မကြည့်နိုင်ကြတော့။ ဆုမရတော့ သော်လဲ အဆင့်တစ်ဆယ်နား ရပ်တည်နေသည့် အတွက် သူ့ ကို ဘာဖိအားမှ မပေးခြင်းလဲ ဖြစ်ဟန်တူသည်။ သို့ သော် တဖြည်းဖြည်းဖြင့် သူ၏ အဆင့်များ ပိုကျလာသည်။ အဆင့်တစ်ဆယ်နား ရပ်တည်နေရာမှ အဆင့်နှစ်ဆယ်နားထိ ကျလာသည်။ ပိုဆိုးသည်က သင်္ချာဘာသာကို စိတ်ဝင်စားသလောက် အင်္ဂလိပ်ဘာသာကို စိတ်ဝင်စားမှု အားနည်းသည်။ သင်္ချာကို တကုတ်ကုတ်ဖြင့် တွက်နေတတ်သလောက် အားနည်းသည့် အင်္ဂလိပ်ဘာသာကို ဖိဖိစီးစီး မလုပ်ပေ။ စိတ်ဝင်စားမှု နည်းသဖြင့် အင်္ဂလိပ်ဘာသာကို ကျက်မှတ်ရာတွင်လဲ အခက်အခဲ ဖြစ်လာသည်။ တခြား ဘာသာများကို လွယ်လွယ်ကူကူဖြင့် ကျက်မှတ်၍ ရသလောက် အင်္ဂလိပ်ဘာသာကို လွယ်လွယ်ကျက်မရခြင်း၊ ကျက်ပြီး ပြန်ပြန်မေ့သွားခြင်းများ ရှိလာသည်။ ထိုကဲ့သို့ အင်္ဂလိပ်ဘာသာကို စိတ်ဝင်စားမှု နည်းပြီး လေ့လာမှု အားနည်းရာမှ အင်္ဂလိပ်ဘာသာတွင် ညံလာသည်။ အင်္ဂလိပ်ဘာသာကို ညံလာသဖြင့် အင်္ဂလိပ်ဘာသာကို ကြောက်လာသည်။ သူငယ်ချင်းများ အင်္ဂလိပ်ဘာသာ အကြောင်းကို ဆွေးနွေးနေလျှင်ပင် ထိုနေရာမှ သူရှောင်ထွက်သွားတတ်သည်။ ထိုမှတဆင့်တက်၍ အင်္ဂလိပ်ဘာသာ စာသင်ချိန်များကို သူရှောင်တတ်လာသည်။

ထို့ နောက်တွင် အားနည်းသည့် အင်္ဂလိပ်ဘာသာကို ပို၍ မကြိုးစားဘဲ သူလမ်းလွဲလိုက်ပြီး စာမေးပွဲနီးမှ အမှတ်ရနိုင်လောက်သည့် စာကိုသာ ရွေးကြည့်ပြီး စာမေးပွဲကို လက်ပူတိုက်ပြီး တစ်ပွဲတိုး ဖြေလာခဲ့သည်။ ထိုနည်းဖြင့် တစ်နှစ်တစ်တန်း ပုံမှန် တက်လာခဲ့ သော်လဲ သူ့ တွင် အင်္ဂလိပ်ဘာသာနှင့် ပတ်သက်ပြီး ဘာအခြေခံမှ ပါမလာခဲ့ပေ။ နှစ်စဉ် အင်္ဂလိပ်ဘာသာတွင် အောင်မှတ်သာသာ လောက်သာရပြီး စာမေးပွဲကို အောင်လေ့ရှိ၏။ အင်္ဂလိပ်ဘာသာတွင် အမှတ်နည်းသော်လဲ တခြား ဘာသာများတွင် အမှတ်များခြင်းကြောင့် အဆင့်ကျသွားသော်လဲ နှစ်စဉ် သူ(A)ခန်းကို တော့ဝင်၏။ အလွယ်လိုက်ခြင်း ဖြစ်သော်လဲ ဒါကိုပင် သူကျေနပ် ရောင့်ရဲနေခဲ့သည်။ ထိုကဲ့သို့  နှစ်စဉ် ဖြတ်သန်းလာခဲ့ပြီး ဆယ်တန်း စာမေးပွဲကိုလဲ ထိုနည်းအတိုင်း သူအောင်လာခဲ့သည်။ ထုံးစံအတိုင်း အင်္ဂလိပ်ဘာသာကို အောင်မှတ်သာသာ လောက်ဖြင့်သာ အောင်ခဲ့ခြင်း ဖြစ်သည်။ ထို့ နောက် သူအဝေးသင် တက္ကသိုလ်တက်ပြီး ကျောင်းတဖက်ဖြင့် သင်တန်းများ တက်ခဲ့သည်။ သူ့ ရည်ရွယ်ချက်က ကျောင်းပြီးလျှင် နိုင်ငံခြားထွက် အလုပ်လုပ်ရန် ဖြစ်သည်။ ကျောင်းတက်နေရင်း လုပ်ငန်းအတွေ့ အကြုံရရန် အစိုးရ စက်ရုံတစ်ရုံတွင် အလုပ်ဝင် လုပ်ခဲ့၏။ သူတက်ခဲ့သည့် သင်တန်းများတွင် အင်္ဂလိပ် စကားပြောသင်တန်းလဲ တစ်ခု အပါအဝင် ဖြစ်သည်။ ထိုအခါ သူငယ်စဉ်ကတည်းက ရှောင်ပြေးလာခဲ့သည့် အင်္ဂလိပ်စာက သူ့ ကို ဒုက္ခပေးတော့သည်။ သင်တန်းတွင် သူ၏ အင်္ဂလိပ်စာ အခြေခံ အားနည်းမှုမှာ သိသာပေါ်လွင်ခဲ့သည်။ သင်တန်းတွင် တက်နေသည့် ကိုးတန်းကျောင်းသားလေးနှင့် ယှဉ်လျှင်ပင် သူက တော်တော်လေး ညံနေသည်။ တခြားသူများ အင်္ဂလိပ်စကားကို ပိုင်ပိုင်နိုင်နိုင် ပြောဆိုလာနိုင်ကြချိန်တွင် သူ့ မှာ အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြောလိုက်လျှင်လဲ စကားလုံး အကျိုးအပဲ့များသာ ထွက်လာတတ်သည်။ သင်တန်းတွင် သူမျက်နှာ အလွန်ငယ်ရ၏။ အခြေခံအားနည်းသည့် သူ့ ကို သင်တန်းဆရာကလဲ ဖိဖိစီးစီးဖြင့် သင်ပေးသည်။ သို့ သော် သူကိုယ်တိုင်က မလိုက်နိုင်သဖြင့် သူ့ အတွက် ဖိအားပိုဝင်လာသည်။ အင်္ဂလိပ်စကားပြော သင်တန်း နေ့ ရက်များကို သူပင်ပန်းကြီးစွာဖြင့် ဖြတ်ကျော်နေရ၏။ ထို့ ကြောင့် နောက်ဆုံးတွင် ဖိအားဒဏ်ကို သူမခံနိုင်တော့သဖြင့် သင်တန်းကာလ မပြီးဆုံးခင်မှာပင် ထိုသင်တန်းကို သူကျောခိုင်းခဲ့ပြန်သည်။ သူ့ အနေဖြင့် အင်္ဂလိပ်စာကို ဒုတိယ အကြိမ်မြောက် ကျောခိုင်းရှောင်ပြေးခဲ့ခြင်း ဖြစ်သည်။

ထို့ နောက် သူဘွဲ့ ရပြီးနောက် သူငယ်ချင်း တစ်ယောက်နှင့်အတူ စင်ကာပူနိုင်ငံတွင် အလုပ်လာရှာကြသည်။ ထိုအချိန်တွင် သူတသက်လုံး ရှောင်ပြေးလာခဲ့သည့် အင်္ဂလိပ်စာနှင့် သူထိပ်တိုက်တွေ့ တော့သည်။ ဒီတစ်ကြိမ်တွင် သူရှောင်ပြေးလို့ မရတော့သည့်အပြင် သူကိုယ်တိုင်က အင်္ဂလိပ်စာကို ထိပ်တိုက်လိုက်တွေ့ ရခြင်းဖြစ်၏။ အလုပ်အင်တာဗျူးများကို တစ်ခုပြီးတစ်ခု သူဖြေခဲ့သည်။ သို့ သော် အင်တာဗျူးများတွင် သူ၏ အင်္ဂလိပ်စကားပြော အားနည်းမှုက အဟန့် အတား တစ်ခုလို ဖြစ်နေခဲ့သည်။ သူနှင့်အတူတူ လာခဲ့သည့် သူ့ လောက်မှ လုပ်ငန်းအတွေ့ အကြုံမရှိသည့် သူငယ်ချင်းက အင်္ဂလိပ်စကားပြော အားသာချက် တစ်ခုတည်းဖြင့် အလုပ်ရသွားခဲ့သည်။ သူကတော့ စင်ကာပူနိုင်ငံတွင် လေးလတိုင်တိုင် အလုပ်ရှာခဲ့သော်လဲ အလုပ်မရသဖြင့် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ရသည်။ ထိုအချိန်တွင် သူ၏ ငယ်ငယ်က အပျင်းထူ၊ အဆော့မက်ပြီး စာကို သေချာဂရုစိုက် မလုပ်ဘဲ လမ်းလွဲလိုက်ပြီး အလွယ် လိုက်ခဲ့ခြင်း၏ ဒဏ်ကို သူခံနေရပြီ ဖြစ်သည်။ တကယ်က မှားမှန်းသိလျှက်ဖြင့် ရေသာခို အချောင်လိုက်ပြီး အမှားကို မပြုပြင်နိုင်ခဲ့ခြင်းက ကိုယ့်ဘဝတက်လမ်းကို ကိုယ်ကိုယ်တိုင် ရိုက်ချိုးလိုက်သလို ဖြစ်ခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံး သူဘာမှ မတတ်နိုင်ဘဲ စင်ကာပူနိုင်ငံမှ နောင်တများ တပွေ့ တပိုက်ဖြင့် သူပြန်လာခဲ့၏။ ခုချိန်တွင် သူတတ်နိုင်သည်က သူ့ ပတ်ဝန်းကျင်မှ လူများကို မိမိတို့ ကလေးများ၏ အားနည်းချက်၊ အားသာချက်များကို ငယ်စဉ်ကပင် ဂရုတစိုက်ဖြင့် ကြပ်မတ်စောင့်ကြည့်ရန် သူ့ အတ္ထုပ္ပတ္တိလေးကို ဖြေပြရမည်။ ကလေးငယ်များကိုလဲ သူ့ လို ရေသာခို အပျင်းထူပြီး လမ်းလွဲမလိုက်ဖို့ သူ့ အကြောင်းလေးကို ပြောပြပြီး ဆုံးမ စကားဆိုရန်သာ ရှိတော့သည်။ သူ့ လို အမှားမျိုး မည်သူ့ ကိုမှ မမှားစေလိုတော့သည်က သူ့ ရင်ထဲက စေတနာသာ ဖြစ်ပါတော့သည်။

20 comments:

  1. အင်း.. လောကမှာ ရှင်သန်ကျင်လည်ဖို့ တတ်မြောက်သင့်တဲ့အရာတွေကို တတ်မြောက်သင့်ပါတယ်လေ...

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  2. အင်း နောင်မှတတဲ့နောင်တပေါ့ ကိုညီရဲရေး)))

    ReplyDelete
  3. ဟုတ်တယ်ဗျာ ကလေးအရွယ် ပညာသင်ချိန်မှာ ကောင်းမွန်မှန်ကန်တဲ့ အတွေးအခေါ် ရှိသင့်ပါတယ်ခင်ဗျာ။ ဖတ်ခွင့်ရလို့ ကျေးဇူးပါ ကိုညီရဲရေ။

    ReplyDelete
  4. လမင်းညီမလေးလိုပေါ့ ဥာဏ်ကောင်းတယ်ဆိုပြီမကြိုးစားလို့ 
    ၁၀တန်ကျပါလေရောအဲတော့မှာမျက်လုံးပြူးပြီကြိုးစားတော့တာ
    လမင်းကတော့ညံ့လို့ မပြောတော့ဘူး:D

    ReplyDelete
  5. အိမ်က မောင်မောင်လည်း ဒီအတိုင်းပဲ..အင်္ဂလိပ်စာသင်တန်းတက်ဖို့ ကို ပတ်ပြေးနေတာ..တနေ့ တော့ သိလိမ့်မယ်..

    ReplyDelete
  6. တကယ်တော့ အင်္ဂလိပ်စာက ကြောက်စရာမကောင်းဘူး ကိုကြီးရဲရဲရ....စိတ်ဝင်စားစရာတောင်ကောင်းသေးတယ်။
    ကျောင်းကသင်ပေးရုံနဲ့လည်း ကျွမ်းကျင်ပိုင်နိုင်ဖို့ရာ မလုံလောက်ဘူး.....ကိုယ်ကိုယ်တိုင် လိုလိုချင်ချင်နဲ့အပြင်မှာ ဆက်လက်ဆည်းပူးရသေးတယ်။ အင်္ဂလိပ်စာလေ့လာရာမှာ အသက်ကြီးသွားပြီတို့ နောက်ကျသွားပြီတို့ဆိုတာ မရှိဘူးလို့ကျနော်တော့ထင်တယ်။ တကယ်တမ်းသာ တတ်ချင်စိတ်နဲ့လေ့လာသင်ယူလိုက်ရင် တခဏနဲ့ တတ်လွယ် သိလွယ် ကျွမ်းကျင်လွယ်လွန်းတဲ့ ဘာသာရပ်တစ်ခုပါ။ ဥာဏ်ကောင်းပြီးသားလူဆို ပိုတောင်လွယ်ဦးမှာ။ :)

    ReplyDelete
  7. ဂျက်လဲ စာကျက်ရတာအရမ်းပြင်းတယ်
    ကျက်ရင်လဲချက်ချင်းရတယ်
    အရှိန်ယူရတာကြာတာလေ
    အင်္ဂလိပ်စာမကြောက်ဘူး
    တစ်ကယ်ကြောက်တာမြန်မာ့သမိုင်းတို့မြန်မာစာတို့ပဲ
    ခွဲလိုက်တော့0k သွားတယ်လေ
    ညီရဲရေ နောက်လဲ ပဲတာမျိုးလေးတွေရေးနော်
    ခင်တဲ့ sis jasmine

    ReplyDelete
  8. အင်္ဂစာက စာအုပ်လေးတွေများများဖတ်ပေးရင်ပိုကောင်းတယ် အလွတ်ကျက်လို့ရတဲ့စာမျိုးမဟုတ်ဘူးလေ...။

    ReplyDelete
  9. ကိုညီရဲသစ် ရေ

    ဥာဏ်ကောင်းတဲ့ ကောင်လေး အကြောင်းဟာ လူငယ်တွေ ဖတ်သင့်တဲ့ စာလေးပါ

    ReplyDelete
  10. စာသင်ကြားပုံစံ စနစ်ကြောင့်ဖြစ်ပါတယ်၊ စာမေးပွဲဖြင့် ကျောင်းသားတစ်ယောက်ရဲ့ အရည်အချင်းကို ဆုံးဖြတ်ခဲ့လို့ပါပဲ၊ အောင်အောင် အမှတ်များအောင်ဖြေတတ်သူတွေက ထိပ်ဆုံးရောက်၊ တတ်သလားသိသလား မသိနိုင်ပါဘူး၊ ဒါကြောင့် နိုင်ငံတော်တော်များများမှာ စာမေးပွဲ ပညာရေးစနစ်ကနေ လမ်းခွဲထွက်ပြီး တတ်အောင်တော်အောင် လူသားဆန်သော ပညာရေးကို သွားနေပါပြီ စနစ်ပေါ်မှာ မှုတည်ပါတယ်။

    ReplyDelete
  11. ဟန်ကြည်7 March 2012 23:23

    ဒီပို့စ်လေး ကြိုက်တယ်...ကိုယ်တိုင်ကလည်း ပညာရေးလောကသားဖြစ်နေတော့ ပိုပြီးတွေးစရာ ဖြစ်သွားတယ်...သတိရရင် ပြန်ဖတ်ရအောင် မှတ်စုထဲမှာ ကော်ပီယူထားလိုက်ပါတယ်...ကျေးဇူးပါ...

    ReplyDelete
  12. လူငယ်တွေ ဖတ်သင့်တဲ့ ပိုစ့်လေးဘဲ ညီရဲရေ
    အင်္ဂလိပ်စာကို ကြောက်စရာလို့ ထင်နေသူတွေ မှတ်သားစရာပါ.
    ခုခေတ်မှာတော့ အင်္ဂလိပ်စာက အရေးပါလာပြီဆိုတော့ မသင်မဖြစ် သင်ယူရတော့မဲ့ အခြေအနေဖြစ်နေပါပြီ။
    ကိုယ်တိုင်လဲ စိတ်ဝင်တစား သင်ယူရမှာပေါ့လေ

    ReplyDelete
  13. ဟုတ်တယ် Black ရေ
    တခါတလေမှာ.ညဏ်ကောင်းတိုင်းလည်းအောင်မြင်တာ
    မဟုတ်ဘူးလေ..
    လူငယ်တိုင်းဖတ်သင့်တဲ့ post လေးပါ..

    ကျမဘလော့မေ၇းဖြစ်လောက်တော့ဘူးထင်ပါရဲ့
    အရမ်းလည်းစိတ်ညစ်နေတယ်..
    နောင်တချိန်အဆင်ပြေရင်တော့
    စာတွေပြန်ရေးချင်ပါသေးတယ်..
    ကျမအားလုံးကိုသတိရပါတယ်..
    ခင်တဲ့ ပစ်ပစ်

    ReplyDelete
  14. ပင်ကိုယ်ဥာဏ်ကောင်းပေမယ့်
    အုပ်ထိန်းသူနဲ့ပတ်ဝန်းကျင်ပေါ်မှာမူတည်ပြီး
    အနာဂါတ်ဘဝဟာပြောင်းလဲသွားတတ်တယ်။
    စောစောစီးစီးကသာဒီကလေးကို ပဲ့ပြင်သွန်သင်ခဲ့မယ်ဆိုရင်
    ကလေးရဲ့ဘဝတက်လမ်းလည်းဖြောင့်ဖြူးခဲ့မှာအမှန်ပါ။
    ကြည်လင်အေးမြတဲ့စိတ်ဓာတ်အမြဲပိုင်ဆိုင်ခွင့်ရပါစေ။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  15. ခက်စလားဆိုတော့ တကယ်မခက်ပါဘူးး..ဒါပေမယ့်လွယ်တဲ့အထဲတော့မပါဘူးး..ဖတ်တာများသွားရင်အသုံးအနှုံးတွေရဲ့သဘောတွေကိုသိလာမှာပါ.. အဲ.. ပျင်းရင်တော့ အင်္ဂလိပ်ကားတွေကိုစာတန်းထိုးပြီးသာကြည့်... စိတ်ဝင်စားစရာကောင်းသလိုအသံတွေကိုပါရတယ်... ပျင်းလည်းမပျင်းဘူး.. တချက်ခုတ်ရင် ၄ချက်လောက်ပြတ်တယ်..ကဲ ..မကောင်းဘူးလားညီရဲရေ..

    ခင်တဲ့
    အမဝသုန်

    ReplyDelete
  16. ပင်ကိုယ်ညဏ်ကောင်းတဲ့လူတွေ အဲလိုဖြစ်တာများကြတယ်ဗျ...ကျွန်တော့သူငယ်ချင်းတော်တော်များများလည်း အဲလိုဖြစ်ကြတယ်......ဘာပဲပြောပြော လူငယ်တွေအတွက်တော့ တော်တော်ကောင်းတဲ့စာလေးပါ....

    ReplyDelete
  17. ကျနော့်ကို ပြောနေတဲ့ အတိုင်းပါပဲလား။

    ReplyDelete
  18. ဟုတ်တယ် ငယ်ငယ်အလေ့ကျင့်နဲ့ ကြိုးစားမှုနည်းတော့
    ကျွန်တော်လည်း ခနော်ခနဲ့ အသံထွက်တွေနဲ့ နှစ်ပါးသွားနေရတယ်

    ReplyDelete
  19. တန်ဖိုးရှိလိုက်တဲ့ ပို့စ်ကောင်းလေးပါပဲ

    ReplyDelete
  20. ပညာရေးမြှင့်တင်ဖို့  သမ္မတကြီးကြိုးစားနေပါပြီဗျာ။ စိတ်ချပါ။ နောင်ကလေးတွေ ဘွတ်ဘတ်ရွှတ်ရှက် နိုင်တော့မှာပါ။ :D

    ReplyDelete