Monday 3 September 2012

ညလူ


အနက်ရောင်
တဖျပ်ဖျပ် လူးလွန့် နေတဲ့
ည...

လရောင်
ခပ်ဖျော့ဖျော့ ဖြန့် ခင်းထားတဲ့
ည...

ကြယ်ရောင်
တလက်လက် ယှက်ဖြာကျနေတဲ့
ည...

အဲဒီ"ည"ကို
ကော်ဖီတစ်ခွက်နဲ့ ဆွဲဖွင့်
အလုပ်သွားဖို့ 
အထုပ်အပိုး ပြင်လိုက်တယ်...။

ပုံကို google.com မှ ယူသုံးထားပါသည်။

10 comments:

  1. မဖတ်ခင်ပဲ ကဗျာလေး အဆုံးသတ်သွားတယ် မောင်ညီရဲရေ။
    အားပေးသွားတယ်နော်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. ဟွင်း....ဟွင်း.....ငါမပြောချင်ဘူးနော်......ဘာမှမပြောချင်ဘူး........ဘာမှမပြော
    ချင်လို့ ဘာမှမပြောပဲပြန်ပြီ.....။

    ReplyDelete
  3. ခရစ္စတလ်4 September 2012 at 00:31

    ညတွေ အိပ်မောကျပါစေ ...။

    ReplyDelete
  4. မှောင်မိုက်ပြီး...
    တိတ်ဆိတ်တဲ့ည...
    ညီရဲရဲ့ကဗျာကို...
    ဖတ်ပြီး အိပ်ဖို့ ပြင်လိုက်တယ်...
    (အိပ်ချိန်တန်ပြီမို့...)

    ReplyDelete
  5. အဲဒီ"ည"ကို
    ကော်ဖီတစ်ခွက်နဲ့ ဆွဲဖွင့်
    အလုပ်သွားဖို့ 
    အထုပ်အပိုး ပြင်လိုက်တယ်...။

    အဲဒီအထုပ်ထဲ ဘာပါလဲ နာသိတယ်း)

    ဗညားရှိန်

    ReplyDelete
  6. အဲ ညက ကဗျာလေးဖတ်ပြီး ကွန်မန့်ပေးခဲ့သလားလို့ ပြန်ဝင်ဖတ်တော့ မတွေ့တော့ပုံထောက်ရင် အိပ်မက်ထဲမှာ မန့်ခဲ့တာဖြစ်မယ်း)
    ကဗျာလေးအားပေးသွားတယ် မောင်ညီရဲရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  7. ခွေးကိုက်ခံရဦးမယ်လို့ သတိပေးလိုက်ပါတယ်

    Like Like Like

    ReplyDelete
  8. ♫♫ အလင်းကိုရှောင်ခွာ နေထိုင်ရင်း ♪♪ ညကိုနှစ်သက် နေတတ်ခဲ့ပြီ..♪♫

    ကဗျာလေးဖတ်ပြီး လေးဖြူရဲ့ ‘ညလူ’ သီချင်းကို သတိရသွားတယ်..။

    ReplyDelete
  9. ညဘက်အလုပ်တက်တာလား :)

    ReplyDelete
  10. ဓာတ်ပုံလေးနဲ့ ကဗျာလေးနဲ့  လိုက်ဖက်တယ်..ညဖက်ဆိုတော့ နေ့ အပူချိန်တွေကနေ ကင်းလွှတ်နေမှာပေါ့...

    ReplyDelete