Wednesday 21 December 2011

သတိရတိုင်း လွမ်းတယ်



သတိရတိုင်း လွမ်းတယ်
လွမ်းတိုင်းလဲ သတိရတယ်...။

သတိရခြင်းတို့ 
ကြီးစိုးလာတိုင်း
ဒီရင်ထဲ 
အလွမ်းက အောင်လံလွှင့်တယ်...။

သတိရခြင်းတို့ 
ငွေ့ ရည်ဖွဲ့ လာတိုင်း
ဒီရင်ထဲ
အလွမ်းက မစဲတော့ဘူး...။

သတိရလွန်းလို့ 
ကျမျက်ရည်
မြစ်၊ ချောင်းအသွင်ဆောင်
အလွမ်းပင်လယ်ဆီ
စီးဝင်တော့မယ်....။

သတိရတိုင်း
ဝေ့သီလာတဲ့ အလွမ်း
ယောက်ကျားမာနနဲ့ 
ဘယ်လို တင်းထားတင်းထား
လွမ်းတာက လွမ်းတာဘဲ...။

သတိရတိုင်း 
ထုတ်ထုတ်လွမ်းဖို့ 
ချစ်သူကို
ဘယ်ဘက်ရင်ဘတ်ထဲ 
ထည့်သိမ်းထားတယ်...။

ဒါကြောင့်...
ချစ်သူကို
သတိရတိုင်း လွမ်းတယ်
လွမ်းတိုင်းလဲ 
ပိုပိုသတိရမိတယ်...။

ပုံကို google မှယူပါသည်။

18 comments:

  1. အလွမ်းတွေ ဝေကျတာကိုတော့ မတားဘူး။ မျက်ရည်တွေသာ မကျစေနဲ့  ညီရဲသစ် ခင်ဗျား။ တော်ကြာ တုန်းဖုန်းညီရဲ လို့  အပြောခံနေရမယ်။ :D

    ReplyDelete
  2. ဟုတ်တာပေါ့
    သတိရတိုင်းလဲလွမ်းတယ်
    လွမ်းတိုင်းလဲသတိရနေမိတယ်

    ReplyDelete
  3. တပိုဒ်ချင်းစီကို အမြည်းကျွေးထားပြီးသားဆိုတော့ အကုန်နီးပါးဖတ်ပြီးသား
    အားလုံးပေါင်းလိုက်တော့ ဖတ်လို့ပိုကောင်းတာပေါ့.. :D

    ReplyDelete
  4. လွမ်းရတာကိုကလွမ်းတာ :P
    အေးအေးလေးနဲ့လွမ်းရတာကို ကြိုက်တာအကိုရေ
    ကဗျာလေးခံစားသွားပါတယ်

    ReplyDelete
  5. ချစ်သူကိုအချိန်တိုင်းလွမ်းတယ်ဗျာ

    ReplyDelete
  6. သနားလိုက်တား)

    သတိရလွန်းလို့ 
    ကျမျက်ရည်
    မြစ်၊ ချောင်းအသွင်ဆောင်
    အလွမ်းပင်လယ်ဆီ
    စီးဝင်တော့မယ်....။

    စိတ်မပူရတော့ဘူး ရေရှားပါးမှု ဟဟား စတာနော် ကဗျာလေးတွေက ကြွေစရာလေးဗျ လှတယ် .။

    ReplyDelete
  7. ချစ်သူကိုလွမ်းတဲ့အလွမ်းက ယောကျာင်္းရင့်မာကြီးတွေရဲ့ အသည်းကိုလဲ အရည်ပျော်စေတာပဲနော်....။ အံ့သြစရာ အချစ်ရဲ့ စွမ်းပကားပါလား.......။

    ReplyDelete
  8. သတိရခြင်းတို့ 
    ငွေ့ ရည်ဖွဲ့ လာတိုင်း
    ဒီရင်ထဲ
    အလွမ်းက မစဲတော့ဘူး...။..


    ဖတ်ရတဲ့သူလည်း လွမ်းတယ်အကို....:)

    ReplyDelete
  9. လွမ်းလှချည်လား
    အလွမ်းပင်လယ်ထဲမှာ လက်ပစ်ကူးနေပုံရတယ်..
    လွမ်းပါ လွမ်းပါ.. လာဖတ်တဲ့သူတောင် လွမ်းပြီး ပြန်သွားပြီ။

    ReplyDelete
  10. လွမ်းလွမ်းနိုင်လွန်းတယ်တော်
    ဘယ်ဘက်ရင်အုံထဲမှာထည့်ထားတယ်ဆိုတော့ မတော်တဆ ကြယ်သီညပ်သွားဘယ်လိုလုပ်မတုန်းညီရဲရဲ့း)

    ReplyDelete
  11. အလွမ်းတွေပြည့်နေတဲ့ ညီရဲရေ
    ငွေ့ရည်ဖွဲ့လာတဲ့ အလွမ်းကနေ အမြန်ဆုံး လွတ်မြောက်ပါစေ။
    ခင်တဲ့
    သဒ္ဓါ

    ReplyDelete
  12. လွမ်းနိုင်လွန်းလိုက်တာ ညီရဲရေ...ယောက်ျားတို့မာန်မာနနဲ့တောင် တင်းထားလို့ မရနိုင်တော့ဘူးဆိုပါလား...
    အော်...ဒါနဲ့ ဘုန်းဘုန်းတစ်ပါးရဲ့ တရားတော်နာမည်ကို သွားသတိရမိသေးရဲ့...ဘာတဲ့လည်း "လွမ်းမျက်ရည် ဘယ်ခါစဲပါ့မယ်"တဲ့။

    ReplyDelete
  13. ကိုအောင်(ပျူနိုင်ငံ)23 December 2011 at 03:29

    လွမ်းတိုင်း သတိရတယ် ...း)

    ReplyDelete
  14. လွမ်းတော့လွမ်းပေါ့ မော်ညီရဲရေ
    စိတ်ကိုတော့ ဒဏ်ရာမဖြစ်စေနဲ့ပေါ့နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  15. တိန်တိန်းတိန်းတိန်က လွမ်းနေဆွေးနေတယ်သာပြောတယ်....အစားမပျက် အသောက်မပျက်ပါလား....ရီမောပျော်ရွှင်နေလိုက်တာများဆိုတာလည်း ပါးစပ်တောင်မနဲစိခိုင်းရတယ်....ယုန်ဗူး....ယုန်ဗူး...:P:P:P

    ပုံ/အကယ်ဒမီထူးချွန်ဆုရ အမည်မသိကလေးသရုပ်ဆောင်

    ReplyDelete
  16. လွမ်းတတ်သူများ လွမ်းနိုင်ကြပါစေ...လို့...။
    ပျော်ရွှင်ဖွယ် ခရစ်စမတ်ဖြစ်ပါစေနော်....။

    ReplyDelete
  17. အင်း.. ခရစ်စမတ်ကို လွမ်းလွမ်းနဲ့ပဲ ကျော်ဖြတ်တော့မယ်နဲ့ တူတယ်...။း)

    ReplyDelete
  18. သတိရတိုင်း
    ထုတ်ထုတ်လွမ်းဖို့ 
    ချစ်သူကို
    ဘယ်ဘက်ရင်ဘတ်ထဲ
    ထည့်သိမ်းထားတယ်...။

    ဂွတ်တရ်ဂျ

    ~ Kk ~

    ReplyDelete