Tuesday 10 January 2012

ဂျိုကာ

သူ့ ကိုယ်သူ...
ဂဏန်းတစ်ခု...
ရိုက်နှိပ်မထားဘူး
တခါတခါ တစ်ဖြစ်လိုက်...
တခါတခါ နှစ်ဖြစ်လိုက်...
သေချာတာ
သုံည ဖြစ်ခဲ့တောင်
တန်ဖိုးရှိတဲ့ သုံညတစ်လုံး...

လောကလမ်းတွေထက်
သူက...
တိမ်လိုလူ...

တိမ်တွေလို...
လွင့်ခဲ့မျောခဲ့တယ်
မကောက်ကွေ့ ဘူး
မာယာမကြွယ်ဘူး
ပတ်ဝန်းကျင်ကိုလိုက်
ပုံစံအမျိုးမျိုးပြောင်းလို့ 
ဖြောင့်ဖြောင့် စီးမျောခဲ့...

ဒီလိုနဲ့ 
သူဟာ...
ဂျိုကာဘဝမှာ
နေတတ်လို့ ကျေနပ်ခဲ့
ဘဝမှာ နေပျော်တတ်ခဲ့ပြီ...

14 comments:

  1. သေချာတာ
    သုံည ဖြစ်ခဲ့တောင်
    တန်ဖိုးရှိတဲ့ သုံညတစ်လုံး... စာသားလေးကြိုက်တယ်
    အကိုရဲသစ်ရေ

    ReplyDelete
  2. ဂျိုကာလေးညီရဲ ကိုအားပေးသွားပါတယ်

    ကွင်း

    မဒိုးကန်း)

    ReplyDelete
  3. အော်....ဂျိုကာလား.......တိပါဘူး...ညီရဲ ထင်လို့....:P

    ReplyDelete
  4. ဂျိုကာလေးကိုခံစားခဲ့ပြီးလူစုနေပါတယ်
    လာခဲ့ပါလား တစ်အိမ်လိုနေလို့-----P

    ReplyDelete
  5. အဲ့ဂျိုကာလေးက ကိုညီရဲမလား... :D :D

    ReplyDelete
  6. This comment has been removed by the author.

    ReplyDelete
  7. ပေါ်လွင်တဲ့ ကဗျာလေးပဲ။
    သုည ဆိုတာကိုသာ မရှင်းတာ။

    ReplyDelete
  8. ဂျိုကာလေးက ကျွန်တော် မဟုတ်ပါဘူးဗျာ... သူငယ်ချင်း တစ်ယောက်ကို ညွှန်းဖွဲ့ ထားခြင်း ဖြစ်ပါတယ်။ ကိုဇော်ရေ... သုညဆိုတာလေးက သူက တခါတခါမှာ တခြားသူတွေကို အနစ်နာခံပြီး ကူညီပေးလေ့ ရှိတယ်။ အဲဒီအခါမှာ တခြားသူတွေက သူ့ ကြောင့် တစ်ကနေ တစ်ဆယ်၊ နှစ်ကနေ နှစ်ဆယ် ဖြစ်သွားစေတဲ့ အတွက် သူ့ ကို တန်ဖိုးရှိတဲ့ သုည အနေနဲ့ တင်စားမိခြင်း ဖြစ်ပါတယ်...

    ReplyDelete
  9. ခုလိုကဗျာလေးနဲ့ လည်း ပုံဖေါ်တတ်တဲ့ညီရဲပါလား။ ဂျိုကာဆို ဟိုစက္ကူချပ်လေးထဲက ဂျိုကာလေးကိုမြင်မိတာကလားးးး။
    ခင်တဲ့
    သဒ္ဓါ

    ReplyDelete
  10. ဂျိုကာဆိုတာ ကိုယ်တိုင်လား...?
    ကိုယ်တိုင်ကရော ဂျိုကားလား...?

    ReplyDelete
  11. ပိုကာဒေါင်းရင်တော့ ဂျိုကာက သိပ်အသုံးဝင်ပေါ့..း)
    ဘဝကို ဂျိုကာလို ကျရာအရပ်မှာ ပျော်ပျော်ရွှင်ရွှင်နေနိုင်တာ အကောင်းဆုံးပေါ့။ ညီရဲရေ.

    ReplyDelete
  12. ဂျိုကာဆိုတာ ပိုတဲ့နေရာ မရှိပါဘူး.. နေရာတိုင်းနဲ့ ဝင်ဆံ့တဲ့အရာ.. တကယ်ဆို ကျွန်တော်လည်း ဂျိုကာတစ်ကောင် ဖြစ်ချင်ခဲ့တာ... :)

    ReplyDelete
  13. Phoe Phoe, who is joker???



    granddaughter

    ReplyDelete