Wednesday 5 October 2011

သူငယ်ချင်း...သို့ ...



သူငယ်ချင်းရေ...
ညက ညကိုသတ်
အာရုဏ်ဦးကို 
ထွေးအံထုတ်ခဲ့ပြီ...။

အမှောင်မှာ 
နေသားကျ မနေတဲ့ 
အလင်းက
လင်းလင်းချင်းချင်း 
ဝေဆာလာတော့မယ်...။

သူငယ်ချင်းရေ...
ဘယ်သူမှ 
မရောက်ဖူးသေးတဲ့ အရပ်မှာ
ခြေချဖို့ 
ငါတို့ ...ဆက်လျှောက်ရမယ်....။
 
ပြည့်ကြပ်လာတဲ့ 
ခံစားချက် တစွန်းတစကို
ဖောက်ထုတ်ဖို့ 
ငါတို့ ... ဆက်လျှောက်ကြမယ်...။

မီးဆိုတာ ငွေ့ ငွေ့ ကျန်လဲ 
လောင်နိုင်ကြောင်းပြဖို့ 
ယုံကြည်ချက် ပါးပါးကျန်လဲ
နောက်မဆုတ်ဘူး
ငါတို့ ... ဆက်လျှောက်ကြမယ်...။

ခေါင်းကိုမော့ ရင်ကိုကော့
အားကိုတင်းလို့ 
သိမ်ငယ်စိတ်ကို တပ်လှန့် နှိုး
ပန်းတိုင်ကိုရောက်ဖို့ 
ငါတို့ ... ဆက်လျှောက်ရမယ်...။

သူငယ်ချင်းရေ... 
လက်ချင်းချိတ်လို့ 
ဘယ်သူမှ ခြေမချဖူးသေးတဲ့ အရပ်မှာ
အောင်စည်တီးဖို့ 
ငါတို့ ... ဆက်လျှောက်ကြမယ်...။

16 comments:

  1. အခက်အခဲအားလုံးကျော်ဖြတ်ရင်း မျှော်လင့်ချက်ပန်းတိုင်ကို
    အရောက်လှမ်းနိုင်ပါစေလို့ တောင်းဆုလေးပြုခဲ့တယ် မောင်ညီရဲရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. အစ်ကို့ကဗျာလေး ခံစားသွားတယ်နော်... ပန်းတိုင်ရောက်ဖို့ အားမလျောဖို့ ပြောထားတဲ့ ကဗျာလေးပဲ... :D

    ReplyDelete
  3. ဂွတ်ပို့စ် . . . ဂရိတ်ပိုအန်င် . .

    ReplyDelete
  4. သူငယ်ချင်းကို အားပေးထားတဲ့ကဗျာလေး...
    ကဗျာလေးဖတ်မိတော့ စေတနာတွေနဲ့ လောကဓံကို ရဲရဲဝံ့ဝံ့ ဖြတ်ကျော်နိုင်အောင် အားပေးထားတာတွေ့လိုက်ရတယ်။
    အခကိအခဲ မှန်သမျှ အောင်မြင်စွာ ကျော်ဖြတ်နိုင်ပါစေရှင်။

    ReplyDelete
  5. ကဗျာလေးကောင်းလိုက်တာ....ဖတ်ပြီး အားတွေရသွားသလိုပဲ..။

    ReplyDelete
  6. ကဗျာကောင်းလေး ခံစားအားပေးလျှက်ပါ အကို....

    ReplyDelete
  7. ကောင်းလိုက်တဲ့ ကဗျာလေး

    သူငယ်ချင်းရေ...
    လက်ချင်းချိတ်လို့ 
    ဘယ်သူမှ ခြေမချဖူးသေးတဲ့ အရပ်မှာ
    အောင်စည်တီးဖို့ 
    ငါတို့ ... ဆက်လျှောက်ကြမယ်...။

    ကျေးဇူးဘဲ ညီရဲ ရေ ဆက်လျှောက်ကြမယ်

    ခင်တဲ့

    ReplyDelete
  8. ကဗျာလေးလှတယ်....၊တစ်ခုခုကိုရည်ညွှန်းနေသလိုလိုပဲ....။
    ကဲ......ဘယ်သူမှခြေမချဖူးတဲ့အရပ်မှာ ဘီဘီချဖို့ အဲ....မှားလို့...အောင်စည်
    တီးဖို့ ငါတို့လျှောက်ကြစို့.....:)

    ReplyDelete
  9. အေ....ဆက်လျှောက်ပဲ ကျန်တော့ တာ...ပတ်ဝန်းကျင် သစ်လည်း စိမ်းလိုက်တာ.....

    ReplyDelete
  10. ဟုတ်တယ် Black ရေ
    ပန်းတိုင်ရောက်အောင်ကိုလျှောက်မယ်..

    ReplyDelete
  11. ကောင်းပါ့ဗျာ..ဒီညတော့..စိတ်ကူးခြင်းတူနေလိုက်တာ..ဟားဟား

    ReplyDelete
  12. ကိုဘလက်က ဒါမျိုးလည်းရတာကိုးးးးးးးးး.... :)



    အင်ကြင်း

    ReplyDelete
  13. ဂွတ်ဒ်ဂွတ်ဒ်....ကောင်းပါပေ၏ ကောင်းပါပေ၏ :)

    (ဖိုးကြယ်)

    ReplyDelete
  14. တပုဒ်လုံး မိုက်တယ်။ ဒီအပိုဒ် ဖွဲ့ပုံလေး ပိုကြိုက်တယ်။

    မီးဆိုတာ ငွေ့ ငွေ့ ကျန်လဲ
    လောင်နိုင်ကြောင်းပြဖို့ 
    ယုံကြည်ချက် ပါးပါးကျန်လဲ
    နောက်မဆုတ်ဘူး
    ငါတို့ ... ဆက်လျှောက်ကြမယ်...။

    ReplyDelete
  15. သူငယ်ချင်းရေ ငါတို့ဆက်လျှောက်ကြရမယ်
    မပြီးသေးတဲ့ဘ၀ခရီးရှည်ကြီးအတွက်ပေါ့း)

    ReplyDelete
  16. ညီရဲသစ်က ကဗျာလေးတွေလည်း အစပ်ကောင်းသားဘဲနော်
    ခွန်အားတွေ ပေးနေတဲ့ ဒီကဗျာလေးအတွက် ကျေးဇူးတင်ပါတယ်။
    မီးဆိုတာ ငွေ့ငွေ့ကျန်လဲ လောင်နိုင်တယ် ဟုတ်တယ်နော်
    အခက်အခဲ ဘယ်လောက်တွေ့တွေ့ အားမလျော့ကြေးပေါ့

    ReplyDelete