Thursday 29 September 2011

ချက်ကောင်း

ကျွန်တော် အပါအဝင် ရပ်ကွက် အတွင်းမှ လူငယ်တချို့ ညနေစောင်းပြီ ဆိုတာနဲ့ ထုံးစံအတိုင်း ကိုစန်းတို့  အိမ်နားတွင် ယောင်လည်လည် လုပ်နေကြပြီ။

“ဒီနေ့ ငြိမ်လှချည်လားကွ။ ရာသီဥတု အခြေအနေက ကောင်းနေတယ်”
“အေးကွ ဒီနေ့ ဘာပွဲစဉ်မှ မရှိဘူးနဲ့ တူတယ်”
“ရှူး... တိုးတိုး... လုပ်ပါကွာ... မင်းတို့ ကလဲ”

ကျွန်တော် နောက်ကို လှည့်ပြော လိုက်မှ ဖိုးကုလားနှင့် ဖိုးကရင်တို့ ငြိမ်သွားကြသည်။ သည့်နောက် ကျွန်တော့်နားကို တိုးလာပြီး ကိုစန်းတို့ အိမ်ဘက်ကို အကဲခတ်ကြ၏။

“အရက်ကို ကြိုက်လို့ သောက်တဲ့သူ...  အေ့... အရက်ကို ကြိုက်လို့ သောက်တဲ့သူ... သောက်ပစ်... လိုက်မယ် ခပ်များများ... အေ့... ”

ကိုစန်း တစ်ယောက် ပါးစပ် ဆိုင်းတီးရင်း သိုင်းကွက် နင်းပြီး အိမ်ပြန်လာသည်ကို တွေ့ လိုက်ရသည်။

“ဟော... ကိုစန်း ပြန်လာပြီ။ မလုံး ဘယ်ရောက်နေလဲ မလုံး မတွေ့ ပါလား”

ဖိုးကရင် အသံထွက်လာ၍ ကျွန်တော်က မြင်ကြောင်းနှင့် အသံတိတ်ရန်  အချက်ပြလိုက်သည်။ ထိုအချိန်မှာပင် မလုံး အသံက အိမ်ထဲမှ ထွက်လာသည်။

“ကိုစန်း... တော်ကတော့ အရည်လေး ဝင်လာတော့ အသံလေး စာစာ စာစာနဲ့ အိမ်ပြန် လာနိုင်တယ်ပေါ့။ ဒီမှာ ဆန်ပုံးထဲမှာ ဆန်ကုန်နေပြီ ဆိုတာ သိရဲ့ လား။ စားစရာ မရှိလို့  ကလေးနှစ်ယောက် ကိုတောင် အမေတို့  အိမ် သွားပို့ ထားရတယ်။ တော့်စိတ်ထဲမှာ အိမ်က မိန်းမနဲ့  ကလေးတွေရော ရှိသေးရဲ့ လား... ဟင် သေနာကြီးရဲ့ ...”
“အာ... အေ့... မိန်းမ... မင်းကွာ အိမ်ပြန်လာရင် မင်းအသံဗြဲကြီးကို ကြားရပြီ။ ကလေးတွေကို မင်းအမေအိမ် ပို့  ရင်း မင်းလဲ အဲဒီမှာ ဘာလို့ မနေလိုက်တာလဲ။ နားငြီးတယ်ကွာ... အေ့... ဇိမ်ပျက်လိုက်တာ။ အဲဒါတွေကြောင့် ငါအိမ်ပြန်မလာချင်တာ”
“သြော... ရှင်က အိမ်ပြန် မလာချင်ရအောင် ဘယ်ကောင်မနဲ့ သွားအိပ်ချင်နေလို့ တုန်း ဟင် တော်က...”
“စပြီ စပြီ ပွဲစဉ်ကတော့ လှပြီဟေ့... ပွဲက စကတည်းက ကြမ်းနေပြီ”
“ဟေ့ကောင်... ဖိုးကုလား မင်းအသံ ဗြဲကြီးနဲ့ အော်မနေနဲ့ ငြိမ်ငြိမ်နေစမ်းပါကွာ...”

ကျွန်တော် လှမ်းဟန့် လိုက်တော့မှ ဖိုးကုလား အသံတိတ် သွားသည်။ ကျွန်တော်တို့ အိမ်နှင့် ကပ်လျက်တွင် နေသည့် ကိုစန်းနှင့် မလုံးတို့ လင်မယားသည် ညနေဘက် ဒီလိုအချိန်ရောက်တိုင်း နေ့ တိုင်း ရန်ဖြစ်လေ့ ရှိသည်။ ထို့ ကြောင့် သူများ ရန်ဖြစ်လျှင် စပ်စုရန် ဝါသနာ ပါသော ကျွန်တော် ရပ်ကွက်ထဲမှ ကလေးများကို ဦးဆောင်ပြီး ညနေဘက် ကိုစန်းတို့ လင်မယား ရန်ဖြစ်တိုင်း စောင့်ကြည့်လေ့ ရှိကြ၏။ ကျွန်တော်တို့  ကလေးတစ်သိုက် ခုနောက်ပိုင်း ဗီဒီယို မကြည့်ဖြစ်ကြတော့ပေ။ ကိုစန်းတို့ လင်မယား ရန်ပွဲကိုဘဲ စောင့်ကြည့် ကြတော့သည်။ ဗီဒီယို ထဲတွင် တကယ် ချခြင်း မဟုတ်သော်လဲ ကိုစန်းနှင့် မလုံးတို့  လင်မယားကတော့ တကယ် တီးကြခြင်း ဖြစ်သည်။ ယောက်ကျားက မညှာသလို မိန်းမကလဲ အညံမခံပေ။ အင်မတန်မှ ကြည့်ကောင်းလှသော ရန်ပွဲတစ်ပွဲ ဖြစ်၏။

“ဒီကောင်မတော့... သယ်...  ငါလုပ်လိုက်ရင် နာတော့မယ်”
“အောင်မာ လာလေ လာလုပ်ကြည့်စမ်းပါ။ ဘာမှတ်လဲ မလုံးတဲ့ တစ်လုံးတည်း ရှိတယ် ... ကဲဟာ...”
“....ခွမ်း...”
“...အား... ကောင်မ နင်က တကယ်လုပ်တယ် ဟုတ်လား”
“ဘုန်း... အုန်း... ခွပ်... ဟင်... ကောင်မ မှတ်ပြီလား။ အဲဒီ တစ်လုံးတည်း လုံးနေတာကို တစ်ခြမ်းတည်း ဖြစ်အောင် လုပ်ပစ်မယ် ကဲကွာ...”
“အောင်မလေးတော့... ဟင် ရှင်... ရှင်... သေချင်းဆိုး ကဲဟယ်... ကဲဟယ်...”

ရိုက်သံ၊ နှက်သံ၊ အော်သံများက အိမ်လေးထဲမှ အပြင်ကို လျှံထွက်လာသည်။ ကျွန်တော်တို့ လဲ ကြားလိုက်ရသည့် အသံများကြောင့် သားကောင်နံရသော မုဆိုးများလို ခေါင်းတထောင်ထောင်နဲ့ ဖြစ်ကုန်၏။

“ဆော်ကုန်ပြီကွ ဆော်ကုန်ပြီ...။ တောက်... အရေးထဲ မီးကလဲ ဒီနေ့ မှ ပျက်နေရတယ်လို့ ...”

ဖိုးကုလားက အားမလို အားမရ အသံဖြင့် ပြောသည်။

”မလုံးက တစ်ခုခုနဲ့ ပေါက်လိုက်တယ်နဲ့ တူတယ်”
“အေးကွ ဟုတ်လိမ့်မယ်။ ကိုစန်း တော်တော် ဒေါပွသွားပုံ ရတယ်”

လက်သွက်သော မလုံး အကြောင်းကို သိထားသောကြောင့် ဖိုးကရင် စကားကို ကျွန်တော်က ထောက်ခံလိုက်သည်။ ထိုစဉ် ဘေးအိမ်မှ လူများ ပြေးထွက်လာပြီး ရန်ပွဲကို ဖျန်ဖြေကြသည်။ ပတ်ဝန်းကျင် အိမ်များမှ လူတချို့ လဲ အိမ်ပြင်ဘက် ထွက်ပြီး ရန်ပွဲကို စိတ်ဝင်တစား ကြည့်လာကြသည်။ လမ်းသွား၊ လမ်းလာ တချို့ လဲ ယောင်ပေပေဖြင့် ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်ကာ ရပ်ကြည့် လာကြသည်ကို တွေ့ ရသည်။ ကိုစန်းတို့ အိမ်နားတွင် လူတွေ ရုန်းရုန်း ရုန်းရုန်းဖြင့် ဖြစ်လာသည်။

“ဟေ့ကောင်... ကိုစန်း တော်... တော်တော့။ ကိုယ့်မိန်းမကိုယ် ဒီလောက်ထိ လုပ်ရလား”

ဘေးအိမ်မှ ဦးကျော်နှင့် ဒေါ်ပုစိန်တို့ လင်မယား အိမ်ပေါ်တက်ဆွဲကြသည်ကို တွေ့ လိုက်ရ၏။

“ဦးကျော် ကျုပ်ကို မဆွဲနဲ့ ဒီကောင်မက ဒီလောက်လုပ်တာတောင် မှတ်တာ မဟုတ်ဘူး။ နေ့ တိုင်း ကျုပ်ကို ပြဿနာ ရှာတယ်။ ဒီနေ့ ဒီကောင်မကို ကျုပ်သတ်မယ်”
“လာလေ လာသတ်လှည့်လေ မလုံးကလဲ ငြိမ်ခံနေမယ်များ မှတ်နေလား”
“ဒီကောင်မတော့...ဖယ်ဦးကျော်ဖယ် ... သတ်မယ်...ကောင်မ...  နင့်ကို သတ်မယ်
ဟင်း... ကဲကွာ ...ကဲ... ကဲကွာ...
ခွပ်... ဒုတ်... ခွပ်.... ဝုန်း”
“အောင်မလေး သေပါပြီ။ အမေရေ သေပါပြီတော့”
“ဟာ... ဆွဲပါဟ ပုစိန် နင် မလုံးကိုဆွဲထား...။ ကိုစန်း ကိုယ့်မိန်းမကိုယ် အဲဒီလောက်ထိ မလုပ်ပါနဲ့ ကွာ။ မလုံး နင်ကလဲ တော်တော့။ ပါးစပ်ကို ပိတ်တော့။ ကိုစန်း မင်းလဲ တော်... အာ... ဒီကောင် ကိုစန်းတော့ကွာ”
“အမလေးတော် လင်မယားတွေ သတ်နေလိုက်ကြတာများ... အရပ်ရပ် နေပြည်တော် ကြားလို့ မတော်ပါဘူး ... တော်”
“ထားလိုက် ဆွဲမရတဲ့ အတူ ထားလိုက် ဒီလောက်တောင် ဖြစ်နေကြတာ။ လင်မယားတွေ သေအောင်တော့ မသတ်ပါဘူး”

ရန်ပွဲကို ဝင်ဆွဲကြသော အိမ်နီးနားချင်းများ ဖြစ်သော ဦးကျော်တို့ လင်မယား ပြန်ဆင်းလာကြသည်ကို တွေ့  ရသည်။ ကျွန်တော်က-

“ဦးကျော် ဘယ်လိုလဲ ဆွဲလို့ မရဘူးလား”
“အေးကွာ နှစ်ယောက်သား လုံးထွေး သတ်နေလိုက်ကြတာ စွဲလို့ ကို မနိုင်ဘူး”
“ဦကျော်တို့ က ရန်ပွဲကို  ပြီးတဲ့အထိ ခွဲမပေးဘဲ ဘာလို့ ပြန်ဆင်းလာရတာလဲ”
“အာ... ဟိုကောင် ကိုစန်းကွာ ပြောမပြော ချင်တော့ပါဘူး။ အောက်မှာ ပုဆိုး မရှိတော့ဘူး။ ဖြစ်ချင်တိုင်းတွေ ဖြစ်နေတာ”
“ဟိုကောင်မ မလုံးလဲ ဘာထူးလို့ လဲ... ခါးမှာ လုံချည် မရှိတော့ဘူး။ ဒီလင်မယားကတော့ ပြောမပြောချင်တော့ ပါဘူးတော်...”
“ကြည့်ရ၊ မြင်ရတာတွေက အမြင်မတော်တော့လို့ ပြန်ဆင်းလာခဲ့တာ ကိုရဲရေ...။ နေ့ တိုင်း ဖြစ်နေတာပဲ ဆွဲမရတဲ့ အတူတော့ လွှတ်သာ ထားလိုက်တော့။ သေတဲ့အထိတော့ လုပ်ကြမှာ မဟုတ်ပါဘူး”

ဦးကျော်က ကျွန်တော်တို့ ကို ရှင်းပြရင်း အိမ်ဘက်ကို ပြန်ကြည့်သည်။ အိမ်ထဲမှာတော့ ရန်ပွဲက ဝုန်းဒိုင်းကြဲ နေသည်။ ကိုစန်း၏ ကျိန်းမောင်း ဆဲဆိုသံ၊ ရိုက်သံ၊ ထိုးသံ များနှင့် မလုံး၏ ပြန်ခံလုပ်သံ၊ ငိုသံ၊ ဆဲသံများကို စိတ်မချမ်းသာဖွယ်  ကြားနေရ၏။ လမ်းသွား လမ်းလာများကလဲ ကိုယ့်လမ်းကိုယ် ဆက်မသွားသေးဘဲ စောင်းငမ်း စောင်းငမ်းဖြင့် ရပ်ကြည့်နေကြသည်။  ဒီနေ့ ကျမှ မီးကလဲပျက်နေ သောကြောင့် အိမ်ထဲကို သေချာ သဲသဲကွဲကွဲ မမြင်နိုင်ခြင်းကြောင့်လဲ လူအားလုံး စိတ်ထဲတွင် မရိုးမရွဖြင့် မချင့်မရဲ ဖြစ်နေကြသည်။ မလုံး၏ ငိုသံ၊ ဆဲသံ များကို လှိုင်လှိုင်ကြီး ကြားနေရ၏။ ယောက်ကျားအားနှင့် မိန်းမအားဖြစ်သောကြောင့် မလုံးတစ်ယောက် တော်တော်လေး အရိုက်ခံ နေရပုံရ၏။ ကျွန်တော်တို့ လဲ မမြင်ရသောကြောင့် အသံကိုဘဲ နားစွင့်နေရသည်။ ထိုစဉ် ဆူညံသံများ ငြိမ်ကျသွား၏။ ပတ်ဝန်းကျင် တစ်ခုလုံးလဲ တိတ်ဆိတ် သွားသည်။ ရန်ပွဲကို စောင့်ကြည့်နေသည့် လူအားလုံးလဲ သို့ လောသို့ လော အတွေးများဖြင့် တစ်ယောက်မျက်နှာကို တစ်ယောက် ကြည့်မိကြသည်။ ခဏအကြာတွင် သေခါနီး သားရဲ တစ်ကောင်၏ အာခေါင်ခြစ် အော်လိုက်သံကဲ့သို့ သော အသံဖြင့် နာနာကျင်ကျင် အော်လိုက်သော ကိုစန်း၏ အော်သံကို ကြားလိုက်ရ၏။ တဆက်တည်း ကိုစန်း တစ်ယောက် စူးစူးဝါးဝါး ဝူးဝူးဝါးဝါး အော်ရင်း အိမ်ပေါ်မှ ခုန်ပေါက် ပြေးဆင်းသွားသည်ကို တွေ့ လိုက်ရသည်။ ဦးကျော်နှင့် ဒေါ်ပုစိန်တို့ ပြာယာခတ်သွား ကြသည်။

“ကိုစန်း... ဟာ... ကိုစန်း ဘာဖြစ်တာလဲ။ ပုစိန် အိမ်ပေါ်တက်ကြည့်စမ်း မလုံး ဓားတွေ ဘာတွေနဲ့ များ ထိုးထည့်လိုက်လား မသိဘူး။ လက်လွန် ခြေလွန်တွေ ဖြစ်ကုန်မှဖြင့် သြော်... ခက်တော့တာပဲ”
“ရှင်ပါလိုက်ခဲ့လေ ကျွန်မ တစ်ယောက်တည်း မသွားရဲဘူး”
“ဟာ... ဒီမိန်းမတော့ နင့်ဟာမက ထမီမနိုင် ပဝါမနိုင်ဖြစ်နေတာ ငါတက်ကြည့်လို့ ဖြစ်မလား။ သွား... နင်အရင် တက်သွား ပြီးမှ ငါ့ကို လှမ်းခေါ်လိုက်”

ဒေါ်ပုစိန်ကြီး တက်သွားပြီး ခဏနေတော့ ဦးကျော်နှင့်အတူ ကျွန်တော်လဲ အိမ်ပေါ် တက်လိုက် သွားလိုက်သည်။ ဆံပင်များ ဖွာလန်ကြဲ နေပြီး မျက်နှာ တစ်ခုလုံး ဖူးယောင် ကွဲပြဲကာ ငိုနေသော မလုံးကို ဒေါ်ပုစိန်ကြီး ရင်ခွင်ထဲတွင် တွေ့ လိုက်ရ၏။ ဒေါ်ပုစိန်ကြီးက မလုံးကို ချော့ရင်း မေးနေသည်။

“တိတ်... တိတ်... မလုံး မငိုနဲ့ တော့နော်။ ဒေါ်ပုစိန် အနားမှာ ရှိတယ် သိလား တိတ်တော့ မငိုနဲ့ တော့နော်”
“ဟုတ်တယ် မလုံး မငိုနဲ့ တော့ ဟိုကောင် ကိုစန်းလဲ မရှိတော့ဘူး။ ထွက်ပြေးသွားပြီ တိတ်တော့နော်။ ဒါနဲ့  မလုံး... ကိုစန်းကို ဘယ်လို လုပ်လိုက်တာလဲ ဓားနဲ့ ထိုးလိုက်တာတော့ မဟုတ်ပါဘူးနော်။ ဦးကျော်က လက်လွန် ခြေလွန်တွေ ဖြစ်ကုန်မှာ စိုးလို့ မေးရတာ”
“ကျွန်မ ဓားနဲ့ မထိုးပါဘူး ဦးကျော်... သူကသာ ကျွန်မကို သေလောက်အောင် ရိုက်တာပါ... ဟီး... ဟီး... သူကသာ ကျွန်မကို မညှာမတာ လုပ်တာပါ ဦးကျော်ရယ်... ဟီးးးးး...”

ပြောရင် မလုံး တစ်ယောက် ငိုပါလေတော့သည်။ အိမ်နီးနားချင်း သုံးလေးယောက်လဲ အိမ်ပေါ် တက်လာကြပြီး မလုံးကို ဝိုင်းချော့ ကြသည်။ ဒေါ်ပုစိန်ကြီးက မလုံးကို ချော့ရင်း မိန်းမပီပီ စပ်စု၏။

“ဒါနဲ့ ညည်း... ဘယ်လို လုပ်လိုက်လို့ ကိုစန်းတစ်ယောက် ဒီလောက် နာနာကျင်ကျင်ကြီး အော်ဟစ်ပြီး ကြောက်လန့် တကြား အိမ်ပေါ်က ပြေးဆင်းသွားရတာလဲ”

ဒေါ်ပုစိန်ကြီး အမေးကို ကြားပြီးနောက် မလုံးတစ်ယောက် အောင်ပွဲရ စစ်သူကြီး တစ်ယောက် ဟန်ပန် အပြည့်ဖြင့် ခေါင်းမော့ ရင်ကို ကော့ကာ-

“ဟင်း.... ဒင်းက မညှာတဲ့နောက်တော့ ကျွန်မကလဲ ဘာညှာစရာ လိုတော့မလဲ။ မလုံးတဲ့ တစ်လုံးတည်း ရှိတယ်။ သိကြတဲ့ အတိုင်းပဲလေ... ယောက်ကျား အသက် အပြင်မှာတဲ့... လက်နှစ်ဘက်နဲ့ ပယ်ပယ်နယ်နယ် ဖြစ်ညှစ်ပစ်လိုက်ပြီး ဒူးနဲ့ ပါ ပစ်တိုက်ပစ်လိုက်တယ်။ ဒင်း... ဒါကြောင့် သေမတတ် အော်ဟစ်ပြီး ထွက်ပြေးသွားတာပေါ့”

မလုံး စကားကို ကြားပြီး ကိုစန်းတော့ မသိ ကျွန်တော်ပင် နဲနဲကျောထဲထိ စိမ့်သွားသလို ဖြစ်သွား၏။ အဲဒီနောက်ပိုင်း ကိုစန်းတို့ လင်မယားလဲ ရန်မဖြစ်ကြတော့ပေ။ ကိုစန်းတစ်ယောက် မူးလာလျှင်လဲ တိတ်တိတ်ဆိတ်ဆိတ်ပင် ပြန်လာပြီး အိပ်ယာထဲ ဝင်အိပ်တော့၏။ ကျွန်တော်တို့ ကလေး တစ်သိုက်လဲ ကိုစန်းတို့ လင်မယားကို အားကိုးမရသည့်နောက် ဗီဒီယိုရုံဘက်သို့ ခြေဦးပြန်လှည့် ရတော့သည်။ 

မှတ်ချက်။    ။အမျိုးသမီးထုကြီးအား နည်းပေးလမ်းပြခြင်း မဟုတ်ပါ။ ရပ်ကွက်ထဲက အကြောင်းလေးကို ပြန်ဖွလိုက်ခြင်းသာ ဖြစ်ပါသည်။ မကြာမကြာ ရန်ဖြစ်လေ့ရှိသော လင်မယားများ မျောက်ပွဲကဲ့သို့ ဝိုင်းအုံ အကြည့်ခံရနိုင်သည်ကို သတိပြုစေချင်ယုံသက်သက်သာ ရည်ရွယ်ပါသည်။

19 comments:

  1. ကိုရဲရေ ဗွီဒီယိုကား ကြည့်နေရသလိုပဲ။ သေချာကို ရေးထားတာပါလား။ ဖတ်ရတာ ချောမွတ်နေပြီး တစ်ချက်မှတောင် ခလုတ်မတိုက်ပါ။ ဘုန်းဘုန်းက ကိုယ်ကိုယ်တိုင်သာ မရေးတတ်တာဗျ။ သူများရေးတာကိုတော့ ကောင်း၏၊ ဆိုး၏ မြင်တတ်တယ်။ ဟီး။

    ReplyDelete
  2. လေ့လာမှတ်သားနည်းယူသွား၏.
    မေးလျှင် ကိုရဲ သည် ဒိုးကန်၏ဆရာဟု့ဖြေပါမည်။
    လက်သီးဖြင့်ထိုးလာထိုးလျှင် ကိုယ့်ဟာကိုယ်သာခံပါလော့ ဆရား)

    ဒိုးကန်

    ReplyDelete
  3. ဆူးညံ့ပွက်လောရိုက်ပြီး ရန်ဖြစ်တတ်တဲ့ မြန်မာဗီဒီယိုကားတစ်ကားကို ကြည့်နေရတဲ့အတိုင်းပဲ.. ပီပြင်ပါပေတယ်...။

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  4. ကိုရဲ မျက်မြင်ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို ပုံဖော်ရေးထားသလိုပါပဲလား..။ ချက်ကောင်းဆိုတာ အဲသလိုတဲ့လား :D

    လသာည

    ReplyDelete
  5. :D... အဲလိုချည်းပြောပြလိုက်ရင် ဘလော့ခ်ဂါကိုကိုတွေတော့ အညှာကိုင်ခံရတော့မှာပဲ... ဟားဟား... ဒါနဲ့ ဖတ်လို့တော့ အတော်ကောင်းပါပေ့..း)))

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  6. အပေါ်က မဒိုးကန် ကတော့ နည်းယူသွားပြီ.. ကိုရင်တော့ ဟားးးးးးးးးးး

    တရားခံ ဘယ်သူလည်းဟေ့

    ReplyDelete
  7. ဟိုက်......ကိုရင် ဒွတ်ခရောက်ရင် ညီတော့ တရားခံဖြစ်ပြီ.....:))))
    မဖြစ်သေးဘူး....တော်ကြာ ကိုယ်တွေပါ တရာလိုပြသက်သေဖြစ်နေဦးမယ်...
    လစ်ပြီ.....:P

    ReplyDelete
  8. အောင်မငီးးးးး ကြောက်စရာကြီးပါလား ဟရို့

    ReplyDelete
  9. တိန်! တွားပြီ.... နိုင်ကွက်တွေမှပြောပြရ သလားဗျာ။ အစ်ကိုညီရဲ လူဆိုး... :D ဟတ်ဟတ်ဟတ် အားပေးသွားပါတယ်ဗျိုး။

    ReplyDelete
  10. လူဇိုး . . .
    ဒီပို့စ်ကို သူ့ကို ပေးဖတ်လို့ မဖြစ်ဘူး . . ငါ့နှယ်နော်။

    ReplyDelete
  11. ဟားဟား... ရီလည်းရီရတယ်.. ဒါပေမယ့် ချစ်လို့ယူထားပြီးမှ ဘာလို့များ အဲ့လောက်နာကျင်အောင် လုပ်ကြလည်း မသိဘူးနော်.... :(

    ReplyDelete
  12. ဟင်းဟင်းဟင်းဟင်းး
    သူများလည်းသေချာမှတ်ထားလိုက်ပြီ..ဟီးးဟီးး
    ချက်ကောင်းဆိုတာအဲဂလိုလား..သိပါဘူး :P

    ReplyDelete
  13. အလိုလေး ကြက်သီးတွေ ထလိုက်တာနော်........ ဟီးဟီး အဲ့ဒါကြောင့် လူပျိုကြီးလုပ်နေတာ.... ဟဲဟဲ မစွံလို့  မဟုတ် :P :P :P

    ReplyDelete
  14. မှတ်သားဖွယ်ရာကောင်းတဲ့ ချက်ကောင်းကိုတော့
    သေသေချာချာဖတ်ထားပါတယ်.....
    ဟင်း...တွေ့ကြပြီပေါ့လေ
    ခင်မင်တဲ့ jasmine
    (ပြသနာဖြစ်ပါက jas မသိပါ ညီရဲသစ်ကရေးပြလို့လိုက်လုပ်ရတာပါ)

    ReplyDelete
  15. လတ်စသတ်တော့ ကိုဘလက်က အမျိုးသမီးထုအတွက် လက်ချာပေးထားတာကိုးးးးးး

    သေသေချာချာ မှတ်ထားလိုက်ပီနော်.... :D :D


    အင်ကြင်းသန့်

    ReplyDelete
  16. ဟားဟား
    တို့ကတော့ ဒီနည်းယူလို့မဖြစ်ဘူး..
    မလုံးတို့ကတော့ တော်ချက်
    တစ်ချက်တည်းနဲ့ အမြီးကိုကုတ်သွားတော့တာဘဲ
    အရက်သမားမိန်းမတွေကို ဒီအကြံလေး ပေးရရင် မဆိုးဘူး အသုံးဝင်မယ်း)

    ReplyDelete
  17. အကိုကတော့ လုပ်ပြီ :):)

    ReplyDelete
  18. အဲ..အတော်လက်သံပြောင်တဲ့ မလုံးပဲ။ အမတော့ အဲဒီလိုသတ္တိမရှိပါတော်.. ရိုက်ရင်လဲခံရုံပဲရှိမယ်...း))

    ReplyDelete
  19. လည်ပင်းကိုညစ်ပြီး ဒူးနဲ့တိုက်လိုက်တာ နေမှာပါး))

    ReplyDelete