မြန်မာ လူမျိုးများသည် အလှူအတန်း ရက်ရောသော လူမျိုးများ ဖြစ်ကြ၏။ အလှူဒါနနဲ့ ပတ်သက်လာလျှင် လက်မနှေးကြသူများ ဖြစ်သည်။ ဘုရား၊ ကျောင်း၊ ကန်၊ ဇရပ်၊ စေတီ၊ ပုထိုးများ ဆောက်လုပ် လှူဒါန်းလေ့ ရှိသကဲ့သို့ ရှင်ပြု၊ ရဟန်းခံ၊ နားသ မင်္ဂလာများနှင့် ဘုရားကိုးဆူ အစရှိသည့် အလှူပွဲများကိုလဲ ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားပြုလုပ် လှူဒါန်း ကြလေ့ရှိ၏။ တချို့ ရွာများဆိုလျှင် တစ်ရွာလုံး မီးခိုးတိတ်ဖြင့် အကြီးအကျယ် လှူဒါန်း လေ့ရှိသလို တချို့ လဲ ရှင်တစ်ရာကဲ့သို့  ကြီးကျယ် မြင့်မြတ်သော အလှူပွဲများကို ဆင်နွှဲကြလေ့ ရှိသည်။ကျွန်တော့် ဘဝတွင် ယခု အသက်အရွယ်ထိ အလှူပွဲ များစွာကို တွေ့ ကြုံခဲ့ဖူးသည်။ ထိုထဲတွင်မှ ကျွန်တော့် ဘဝတွင် ကြုံတွေ့ ခဲသော အလှူပွဲလေး တစ်ပွဲကို ယနေ့ ထိတိုင် မှတ်မှတ်ရရဖြင့် မမေ့နိုင်သေးပေ။ အကြောင်းတိုက်ဆိုင်တိုင်း ထိုအလှူပွဲလေးကို ပြန်ပြန် မြင်ယောင်မိ၏။ လွန်ခဲ့သော ခြောက်နှစ်ခန့် က ဖြစ်မည်။ အလွန် ရိုးရှင်းသော၊ အလွန် သဘာဝကျသော အလှူပွဲလေး ဖြစ်၏။ ထိုနေ့ ကို ကျွန်တော် ယနေ့ ထက်ထိ မမေ့နိုင်သေးပေ။ ပြန်စဉ်းစားမိတိုင်း မျက်ဝန်းထဲတွင် တရစ်ဝဲဝဲဖြင့် ပြန်မြင်ယောင် နေမိဆဲ ဖြစ်သည်။
အဲဒီနေ့ က မှတ်မှတ်ရရ သင်္ကြန် နောက်ဆုံးနေ့ အတက်နေ့ ဖြစ်၏။ ကျွန်တော်နှင့် သူငယ်ချင်းများ ပြည်မြို့ သို့  ရေပတ်ခံထွက်လာခဲ့ ကြသည်။ နဝဒေတံတားကို ကျော်လာပြီး ကုန်းအဆင်း ပြည်မြို့ ဘက်သို့ အကွေ့ (ဇီးခွဲစက် ခြံဝင်း)နေရာရှေ့ အရောက်တွင် ကောင်မလေး တစ်ယောက် ကျွန်တော့်တို့ ကားကို ရေထွက်လောင်းရင်း ဒီနေ့ ဒီအိမ်တွင် အလှူရှိကြောင်း ပြောသည်။ အများကြီး ချက်ထားသောကြောင့် ရေကစားပြီးနောက် မြို့ ထဲတွင် ဝယ်မစားဘဲ ဆက်ဆက် လာစားရန်ပါ မှာလိုက်သေးသည်။ ကျွန်တော်တို့ လဲ တမနက်လုံး မြို့ ထဲတွင် ရေကစားပြီးနောက် မောမော ပန်းပန်းဖြင့် ထမင်းစားရန် နေရာရှာတော့ ဆိုင်များ ပိတ်ထားသဖြင့် အခက်အခဲ ဖြစ်နေ၏။ နောက်မှ အလှူဖိတ်ထား သည်ကို သတိရပြီး မြို့ ပြင်သို့ ပြန်ထွက်လာခဲ့သည်။ တစ်မနက်လုံး ရေကစားထား သောကြောင့် ကျွန်တော်တို့ လဲ တော်တော်လေး ဆာလောင် မောပန်းနေကြပြီ ဖြစ်သည်။
ကျွန်တော်တို့ အလှူအိမ်ရှေ့ကို ရောက်တော့ မယုံကြည် နိုင်လောက်အောင်ပင် လူများလွန်း နေသည်ကို တွေ့ လိုက်ရသည်။ လမ်းဘေးနှစ်ဘက်တွင် အစီအရီ ရပ်ထားသော ကားများ၊ ဆိုင်ကယ်များကို တွေ့ ရသည်။ လူကြီးတစ်ယောက်က ကားလမ်းပေါ်မှ ဖြတ်လာသမျှ ကားများ၊ စက်ဘီးများ၊ ဆိုင်ကယ်များကို တားပြီး အလှူတွင် ထမင်း ဝင်စားသွားဖို့ ဖိတ်ခေါ်နေသည်ကို တွေ့ ရသည်။ ကျွန်တော်တို့ လဲ အားရပါးရ စားသောက်နေသော လူများကို ကြည့်ပြီး ပိုမို ဆာလောင်လာသလို ခံစားရသည်။ တမနက်လုံး ရေကစား ထားခြင်းကြောင့်လဲ တော်တော် ဆာလောင်နေကြပြီ ဖြစ်သည်။ ထို့ ကြောင့် ဗိုက်ဆာဆာဖြင့် ကျွန်တော်တို့ လဲ လူအများနှင့် ရောကာ စားသောက်လိုက်ကြသည်။ အလှူက ထုံးစံအတိုင်း ငါးခြောက်နှပ်၊ ပဲဟင်းနှင့် သရက်ချဉ်သုပ်ကို ကျွေးခြင်း ဖြစ်သော်လဲ ဗိုက်ဆာ နေသောကြောင့် ထင်သည် အလွန်စားကောင်းလှသည်။ အလွန်စာလောင် နေသောကြောင့် ကျွန်တော့်ဘဝ တလျှောက် စားခဲ့သော အစားအစာများတွင် အကောင်းဆုံးဟုပင် ထင်မှတ်မိသည်။ ကျွန်တော်လဲ ဆာဆာဖြင့် အားရပါးရ ကုန်းလွေးနေစဉ် နောက်မှ အသံကြားသဖြင့် လှည့်ကြည့်လိုက်မိတော့ ရွှေတွေ သီးနေအောင် ဝတ်ထားသော မိန်းမကြီး တစ်ယောက် ဝမ်းသာ အားရဟန်ဖြင့် အားရပါးရ ပြောနေသည်ကို တွေ့ လိုက်ရသည်။
“အားရတယ်ဟေ့ အားရတယ်။ ကြည့်စမ်း... အားရပါးရ စားနေလိုက်ကြတာ... ဒီလို မြင်ရတော့ ငါလဲ လှူရတာ အားရတယ်။ ဒီနေ့ အလှူလုပ်တာ ဆယ့်ငါးသိန်း လောက်ကုန်တယ်။ ကုန်ပလေ့စေ ကျေနပ်တယ်။ နောက်နှစ်တွေလဲ ထပ်လှူဦးမယ်”
ထိုအသံ ကြားမှ ကျွန်တော်လဲ ပတ်ဝန်းကျင်ကို သတိထား ကြည့်မိသည်။ ဟုတ်သည် ဆာလောင်နေ သောကြောင့် ထင်သည် လူအားလုံး အားရပါးရ စားသောက်နေကြသည်။ စားသောက်နေသူများတွင် ယောက်ကျား၊ မိန်းမ၊ လူကြီး၊ လူငယ် အားလုံးပါသည်။ တချို့ အဆင့်အတန်း မြင့်ဟန်တူသော အမျိုးသား၊ အမျိုးသမီးများ ပါသည်။ ဒါပေမယ့် အလှူဖြစ်သောကြောင့် ရှိန်နေခြင်း၊ ရှိုးတိုး ရှန့် တန့် ဖြစ်နေခြင်း မရှိ။ လူအများနှင့် ရောထွေးကာ လက်ရည်တပြင်တည်း စားသောက်နေကြသည်။ တချို့ အမျိုးသားများ မူးနေကြသည်၊ တချို့ အမျိုးသမီးများ ခြေထောက်တွင် ဘိနပ် မပါကြ၊ အားလုံး ရေတွေ စိုရွှဲနေကြသည်၊ တချို့ အိုးမဲများ၊ ဆီဂျီးများ၊ ဖုံမှုန့် များ ပေကျံနေကြသည်။ ဒါပေမယ့် အားလုံး မျက်နှာတွင် တူညီသော စင်ကြယ်သည့် အပြုံးပန်းများဖြင့် ပျော်နေကြသည်။ ဟန်ဆောင် နေကြခြင်း မဟုတ်။
“ဒေါ်ကြီး ထမင်းပေးပါဦး၊ အန်တီ သရက်ချဉ်သုပ်လေး နဲနဲလောက်၊ ပဲဟင်းပေးပါဦး၊ ငါခြောက်နှပ် ရှိသေးလားဗျို့ ”
စသဖြင့် အားလုံး ပျော်ပျော်ရွှင်ရွှင်ဖြင့် အော်ဟစ်ကာ အားရပါးရ စားသောက်နေကြခြင်း ဖြစ်သည်။ သူတို့ ၏ အပျော်များက အလှူရှင် အန်တီကြီးကို ကူးစက်ကာ ဝမ်းသာအားရဖြင့် အော်ပြောနေခြင်း ဖြစ်သည်။
ကျွန်တော် အပါအဝင် လူအားလုံးပဲ ပျော်ရွှင်နေကြသည်။ သင်္ကြန်ဖြစ်သောကြောင့် တော်တော် များများ မူးနေကြသော်လဲ စည်းကမ်းမမဲ့ကြ။ စားသောက်ပြီး ပန်းကန်များကို ပန်းကန်ဆေးသည့် နေရာသို့ ကိုယ်တိုင်ကိုယ်ကျ သွားထားကြသည်။ မူးနေသော်လဲ စည်းကမ်း ရှိနေကြသည်မှာ အံသြဖို့ ကောင်းလှသည်။ အလွန်ရိုးရှင်း၍ သဘာဝကျသော အလှူပွဲလေး ဖြစ်သည်။ ဘယ်လောက် ရိုးရှင်းသလဲ ဆိုလျှင် အလှူဆိုပေမယ့် မဏ္ဍပ်ထိုးထားခြင်း မရှိ၊ စားပွဲတစ်လုံးနှင့် ထိုင်ခုံ ခြောက်လုံး၊ ခုနစ်လုံးလောက်သာ ရှိသည်။ လူအားလုံး ကြုံသလို စားသောက်ကြခြင်း ဖြစ်သည်။ တချို့ က ခြံဝင်းအတွင်း ပန်းခြုံများအနီးတွင်၊ တချို့ က သစ်ပင်တွေ အောက်မှာ၊ တချို့ က ခြံဝင်းထဲနှင့် လမ်းမပေါ်တွင် မတ်တပ်ရပ်လျှက် တမျိုး၊ ထိုင်လျှက် တဖုံ၊ တချို့ က ကိုယ့်ကားပေါ်တွင် ကိုယ်ယူ စားကြသည်။ စားတော့လဲ ပန်းကန် ဆေးသည့် နေရာတွင် ကိုယ်ဘာသာ ကိုယ့်ပန်းကန် ကိုယ်ယူကာ ထမင်းထည့်သည့် နေရာတွင် ထမင်းသွားတောင်း ရသည်။ ပြီးနောက် လူများအကြား လိုအပ်သမျှ လိုက်လံ ဖြည့်ဆည်းပေးနေသည့် လူများနောက် လိုက်ကာ
“အစ်ကိုရေ... ငါးခြောက်နှပ်လေး လုပ်ပါဦး။ အစ်ကို့ ရေ... ပဲဟင်းလေး၊ သရက်ချဉ်သုပ် ရှိသေးလားဗျို့ ...”
စသည်ဖြင့် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် စားသောက်ကြရခြင်း ဖြစ်သည်။ ဂုဏ်ပကာသနမပါ၊ အဆင့်အတန်းမခွဲ လက်ရည်တပြင်တည်း ကျွေးသော အလှူပွဲလေး ဖြစ်သည်။ လူအားလုံး ဟန်ဆောင်မှုမပါ ပျော်ပျော် ရွှင်ရွှင်ဖြင့် အားရပါးရ စားသောက် နေကြသည်ကို မြင်ရသည်မှာ အလွန် ကြည်နူးဖွယ် ကောင်းလှသည်။ သင်္ကြန် ဖြစ်သောကြောင့် လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးဖြင့် ပျော်ရွှင် နေကြဟန်လဲ တူသည်။ သူ့ ကိုယ်မသိ ကိုယ့်သူ မသိဖြင့် အနယ်နယ် အရပ်ရပ်မှ လူများ စုကာ မရင်းနှီးသော အလှူရှင်၏ အလှူပွဲကို တက်ရောက် အားပေးနေကြခြင်း ဖြစ်သည်။ အလှူ့ ရှင်များ မအားမှန်း သိသောကြောင့် ကိုယ့်ထမင်း ပန်းကန် ကိုယ်သိမ်းပြီး ပန်းကန် ဆေးသည့် နေရာ အရောက် စည်းကမ်းရှိရှိ သွားထားကြသည်ကို မြင်ရသည်မှာ ကြည်နူးဖွယ် ကောင်းလှသည်။ အလှူ့ ရှင်ကိုတော့ မသိ သူတို့ ကို ကြည့်၍ ကျွန်တော့်မှာ ပီတိ ဖြစ်နေမိသည်။ ဒီလို ရသမြောက်သော အလှူပွဲလေးကို ကိုယ်တိုင်ကိုယ်ကျ လှူချင်စိတ်လဲ ပေါက်လာမိသည်။
ဟုတ်ပါ့ ကြည်နူးစရာအလှူလေး....၊အဲ့လိုအလှူမျိုးလေး လှူလည်းလှူချင်၊
ReplyDeleteစားလည်းစားချင်သွားတယ်.....။
ညီရဲရေ ဘယ်အချိန်လည်း နီးရင် ကြိုပြောထားဦးနော်။ လာဘုဉ်းပေးမယ်။ သိလား။ အားရပါးရ လာတွယ်မယ်လေ။ ဟိ။ (ဟုတ်ပါ့၊ အဲဒီလိုမျိုးလေးလည်း လှူချင်လိုက်တာ၊ တန်းချင်လိုက်တာဗျာ၊ တကယ်ပါ)။ ကျန်းမာပျော်ရွှင်ပါစေ ညီရဲရေ။
ReplyDeleteကိုဘလက်ရေးထားတာ မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်ယောင်လာစေတယ်။ ကြည်နူးအားကျစရာကောင်းလိုက်တာ....။ ကျနော်လည်း အဲလိုအလှူမျိုးအရမ်းလှူချင်တယ်။ လှူနိုင်အောင် စိတ်ထဲမှာလည်း အမြဲထည့်ထားတယ်။
ReplyDeleteကြည်နူးစရာ ဂုဏ်ပကာသနမပါတဲ့ ရိုးစင်းစင်ကြယ်တဲ့ အလှူဒါနတစ်ခုအကြောင်း အခုလိုမျှဝေပေးတာ ကျေးဇူးပါ ကိုဘလက်ရေ...။
ဖတ်ပြီးတော့ မုဒိတာပွားသွားပါတယ် ညီရေ။
ReplyDeleteစိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ကျွန်တော် လှူနိုင်တဲ့နေ့  အကြောင်းကြားလိုက်ပါ့မယ် ဘုန်းဘုန်းနဲ့ အစ်ကိုညိမ်းနိုင်။
ReplyDeleteအမြန်ဆုံး လှူနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် အင်ကြင်းရေ...
ခုလို မုဒိတာ ပွားပေးလို့ ကျေးဇူးပါ အစ်ကို မိုးမြင့်တိမ်...
အဲလိုရသမြောက်တဲ့အလှူကို အမြင့်မြတ်ဆုံး စိတ်ထားနဲ့လှူဒါန်းနိုင်ပါစေလို့ ဆန္ဒပြုပါတယ်ညီရဲ။ သရက်ချဉ်သုပ်လေး စားချင်သား။။
ReplyDeleteခင်မင်လျက်
သဒ္ဓါ
ဆာတယ်ဗျာ။ အစ်ကို့ Post ဖတ်ပြီးပိုဆာတယ်။ ဒီအချိန်ဆိုင်တွေပိတ်ကုန်ပြီဗျ။ အဟင့် :( အလှူထမင်းဟင်း မစားရတာလဲ အတော်ကြာပါပေါ့ဗျာ။ မျက်စိထဲပေါ်အောင်ရေးပြတဲ့အတွက် လေးစားပါတယ်ခင်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။ :)
ReplyDeleteမျက်စိထဲ မြင်ယောင်သွားမိတယ် ..း)
ReplyDeleteဆာနေတဲ့အချိန်မှာ ခုလို သဒ္ဓါတရားထက်သန်စွာ ကျွေးမွေးတဲ့ အလှူရှင်တွေနဲ့ တွေ့ခွင့်ရတာ ကံကောင်းတယ်နော်။ လှူတဲ့သူလည်း ပီတိဖြစ်သလို စားတဲ့သူတွေလည်း ကျေနပ်ကြမှာ .. ဒီလို အလှူ လှူခွင့်ရတာ ကံကောင်းလိုက်တာ။ ပီတိဖြစ်ပြီး အားကျမိတယ်
ReplyDeleteတစ်ကယ်ပဲ မျက်စိထဲမြင်လိုက်ပါတယ်....
ReplyDeleteစာဖတ်ရတာနဲ့တောင် ပီတိဖြစ်ရပါတယ်...
follower လဲလုပ်ခဲ့ပါတယ်နော်..
ဟုတ်တယ်အစ်ကိုရေ.... ပကာသနဆန်တဲ့ ဧည့်ခံမှုမျိုးကို ကန်ဒီလည်း မနှစ်သက်တာတော့ အမှန်ပဲ.... ဒီလိုလေးက လှူတဲ့သူလည်း ပီတိဖြစ်ရတယ်.. စားတဲ့သူတွေလည်း လွတ်လွတ်လပ်လပ် ပျော်စရာကြီး.. :D
ReplyDeleteစေတနာရောင်ပြန်ဟပ်တာပေါ့လေ။ ပကာသနမပါဘဲ တကယ်လိုအပ်မယ်ထင်တဲ့ အချိန်မှာ အယုတ်အလတ်အမြတ်မရွေးပဲ လှူဒါန်းတာ တကယ်ကို ကြည်နူးပီတိဖြစ်မိပါတယ်ရှင်။
ReplyDeleteခင်တဲ့
မေသိမ့်
ကတောက်....ငါ့ကဘယ်ရောက်နေလို့တုန်း အဲဒီတုန်းက...လွဲချက်ကွာ :)
ReplyDeleteခင်တဲ့(ဖိုးကြယ်)
မြန်မာလူမျိုးတွေရဲ့ ချစ်စရာ ဓလေ့လေးပေါ့ မြင်ယောင်သွားတယ် ကျနော်လည်း အဲ့လိုအလှူမျိုး ၀င်နွှဲဖူးတယ်ဗျ။
ReplyDeleteပကာသနမပါတဲ့ အလှူမျိုးကို အရမ်းသဘောကျတယ်..။ လှူတတ်ရင် တကယ်ကို မြတ်တာ...။
ReplyDeleteသူများလှူနိုင်တာကို မုဒိတာပွားနိုင်ရင် ကိုယ်ပါ ပီတိဖြစ်ရတယ်။
အလားတူ အလှူမျိုးမှာ စားခဲ့ဘူးပါတယ်။ အလှူ ထမင်း၊ ဟင်းတွေက အလှူရှင်တွေရဲ့ စေတနာတွေပါ ရောထည့်ချက်ထားလို့လား မသိ၊ အမြဲစားလို့ကောင်းတယ်..:)
အလှူအကြောင်းလေးဖတ်ပြီးပီတိဖြစ်ရပါတယ် Blackရေ
ReplyDeleteပကာသနမပါတဲ့ စေတနာအပြည့်နဲ့အလှူမျိုးကိုအရမ်းသဘောကျတယ်..
ခင်တဲ့ blackroze
အဲလိုလှုရတာပိုပျော်စရာကောင်းတယ်
ReplyDeleteစိတ်လဲပိုရှင်းတယ်
ဖတ်ရင်းနဲ့ အလှုကဟာစားချင်စိတ်ပေါက်လာတယ်း)
ခင်မင်လျှက်
မဒိုးကန်
ဟုတ်ပ၊ တကယ့်ကို ကြည်နှုးစရာလေးနော။ အဲလိုအလှူပွဲလေးတွေ ချစ်စရာကောင်းတယ်။
ReplyDeleteဟုတ်ပ၊ တကယ့်ကို ကြည်နှုးစရာလေးနော။ အဲလိုအလှူပွဲလေးတွေ ချစ်စရာကောင်းတယ်။
ReplyDeleteတကယ့်ကို ပျော်စရာ ကြည်နှုးစရာ အလှူပွဲလေးပဲနော် ညီရဲ။ အခုက အဲလိုအလှူပွဲမျိုးလေးတွေ ရှားနေပြီ။
ReplyDeleteအစ်ကိုရေ... ငါးခြောက်နှပ်လေး လုပ်ပါဦး။ အစ်ကို့ ရေ... ပဲဟင်းလေး၊ သရက်ချဉ်သုပ် ရှိသေးလားဗျို့ ...”
ReplyDeleteသဒ္ဓါတရားအပြည့်အဝနဲ့ ဖြူစင်တဲ့အလှူပွဲလေးမို့ ဖတ်ရတာ စိတ်ကြည်နူးပြီး ပီတိဖြစ်မိတယ်ကွယ်။ အဲဒီအလှူမျိုးကို လှူချင်စိတ်ပေါ်လာတဲ့ သူတွေအတွက်လည်း ကုသိုလ်ရနေပါပြီ။
ReplyDeleteစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။
မေတ္တာဖြင့်
အန်တီတင့်