ဂဏန်းတစ်ခု...
ရိုက်နှိပ်မထားဘူး
တခါတခါ တစ်ဖြစ်လိုက်...
တခါတခါ နှစ်ဖြစ်လိုက်...
သေချာတာ
သုံည ဖြစ်ခဲ့တောင်
တန်ဖိုးရှိတဲ့ သုံညတစ်လုံး...
လောကလမ်းတွေထက်
သူက...
တိမ်လိုလူ...
တိမ်တွေလို...
လွင့်ခဲ့မျောခဲ့တယ်
မကောက်ကွေ့ ဘူး
မာယာမကြွယ်ဘူး
ပတ်ဝန်းကျင်ကိုလိုက်
ပုံစံအမျိုးမျိုးပြောင်းလို့ 
ဖြောင့်ဖြောင့် စီးမျောခဲ့...
ဒီလိုနဲ့ 
သူဟာ...
ဂျိုကာဘဝမှာ
နေတတ်လို့ ကျေနပ်ခဲ့
ဘဝမှာ နေပျော်တတ်ခဲ့ပြီ...
သေချာတာ
ReplyDeleteသုံည ဖြစ်ခဲ့တောင်
တန်ဖိုးရှိတဲ့ သုံညတစ်လုံး... စာသားလေးကြိုက်တယ်
အကိုရဲသစ်ရေ
ဂျိုကာလေးညီရဲ ကိုအားပေးသွားပါတယ်
ReplyDeleteကွင်း
မဒိုးကန်း)
အော်....ဂျိုကာလား.......တိပါဘူး...ညီရဲ ထင်လို့....:P
ReplyDeleteဂျိုကာလေးကိုခံစားခဲ့ပြီးလူစုနေပါတယ်
ReplyDeleteလာခဲ့ပါလား တစ်အိမ်လိုနေလို့-----P
အဲ့ဂျိုကာလေးက ကိုညီရဲမလား... :D :D
ReplyDeleteThis comment has been removed by the author.
ReplyDeleteပေါ်လွင်တဲ့ ကဗျာလေးပဲ။
ReplyDeleteသုည ဆိုတာကိုသာ မရှင်းတာ။
ဂျိုကာလေးက ကျွန်တော် မဟုတ်ပါဘူးဗျာ... သူငယ်ချင်း တစ်ယောက်ကို ညွှန်းဖွဲ့ ထားခြင်း ဖြစ်ပါတယ်။ ကိုဇော်ရေ... သုညဆိုတာလေးက သူက တခါတခါမှာ တခြားသူတွေကို အနစ်နာခံပြီး ကူညီပေးလေ့ ရှိတယ်။ အဲဒီအခါမှာ တခြားသူတွေက သူ့ ကြောင့် တစ်ကနေ တစ်ဆယ်၊ နှစ်ကနေ နှစ်ဆယ် ဖြစ်သွားစေတဲ့ အတွက် သူ့ ကို တန်ဖိုးရှိတဲ့ သုည အနေနဲ့ တင်စားမိခြင်း ဖြစ်ပါတယ်...
ReplyDeleteကောင်းလိုက်တဲ့ ကဗျာ
ReplyDeleteခုလိုကဗျာလေးနဲ့ လည်း ပုံဖေါ်တတ်တဲ့ညီရဲပါလား။ ဂျိုကာဆို ဟိုစက္ကူချပ်လေးထဲက ဂျိုကာလေးကိုမြင်မိတာကလားးးး။
ReplyDeleteခင်တဲ့
သဒ္ဓါ
ဂျိုကာဆိုတာ ကိုယ်တိုင်လား...?
ReplyDeleteကိုယ်တိုင်ကရော ဂျိုကားလား...?
ပိုကာဒေါင်းရင်တော့ ဂျိုကာက သိပ်အသုံးဝင်ပေါ့..း)
ReplyDeleteဘဝကို ဂျိုကာလို ကျရာအရပ်မှာ ပျော်ပျော်ရွှင်ရွှင်နေနိုင်တာ အကောင်းဆုံးပေါ့။ ညီရဲရေ.
ဂျိုကာဆိုတာ ပိုတဲ့နေရာ မရှိပါဘူး.. နေရာတိုင်းနဲ့ ဝင်ဆံ့တဲ့အရာ.. တကယ်ဆို ကျွန်တော်လည်း ဂျိုကာတစ်ကောင် ဖြစ်ချင်ခဲ့တာ... :)
ReplyDeletePhoe Phoe, who is joker???
ReplyDeletegranddaughter