Wednesday 9 November 2011
သူခိုးကြီးည တစ်ည
သီတင်းကျွတ် ပွဲတော်ပြီးလို့ တန်ဆောင်တိုင် ပွဲတော်ကို ရောက်တော့မည်။ ခုလို အခါကြီး ရက်ကြီး ပွဲတော်ချိန်ကို ရောက်လျှင် ရွာကို ပြန်သတိရမိသည်။ ခုချိန်ဆိုလျှင် ပြည်မြို့ တန်ဆောင်တိုင် ဘုရားပွဲတော်  စတော့ မည်မို့ ပြည်မြို့ နေလူထုနှင့် အနီးအနား ကျေးရွာများမှလူများ အုန်းအုန်းကြပ်ကြပ်နှင့် ရှိနေရော့မည်။ အရင်ကဆိုလျှင် သီတင်းကျွတ်တွင် ရသော မုန့် ဖိုးများကို အဝတ်အစား အသစ်များဝယ်ပြီး ပိုသော ပိုက်ဆံများကို တန်ဆောင်တိုင် ပွဲတော်တွင် သုံးရန် စုထားလေ့ရှိသည်။ ပြည်မြို့  တန်ဆောင်တိုင် ဘုရားပွဲတော်သို့ အနီးအနားရှိ မြို့ ၊ ရွာများမှ ဘုရားဖူး များစွာ လာရောက်လေ့ ရှိသောကြောင့် အလွန်စည်ကားလှ၏။ စွယ်တော် မြို့ တွင်းလှည့်သည့် နှစ်များတွင် ရပ်နီး၊ ရပ်ဝေးမှ ဘုရားဖူး ဧည့်ပရိသတ်များဖြင့် ပြည်မြို့ ရွှေဆံတော် ဘုရားပွဲတော်မှာ ကြက်ပျံမကျ စည်ကားလှသည်။ ယိမ်းကားများ မြို့ ထဲအနှံ လှည့်လည် ကပြလေ့ ရှိသည့် အပြင် ဇာတ်ပွဲ၊ ဆပ်ကပ်၊ တုတ်ထိုးရုပ်၊ ထူဆန်းထွေလာ၊ ဗလာပွဲများကြောင့် အလွန် စည်ကားသိုက်မြိုက်လှသည်။ တချို့ နှစ်များတွင် အာဝါဒေးပွဲများ ထည့်သွင်း ကျင်းပခဲ့သော်လဲ နောက်ပိုင်းနှစ်များတွင် မကျင်းပဖြစ်တော့ပေ။ ထိုတန်ဆောင်တိုင် ဘုရားပွဲတော်၏ နောက်ဆုံးနေ့ လပြည့်ကျော်(၁)ရက်နေ့  ညကတော့ ကျွန်တော်တို့ ဒေသ၏ ကာလသားများ ပျော်ပျော်ပါးပါး ဆင်နွဲလေ့ ရှိကြသည့် သူခိုးကြီးည ဖြစ်သည်။ ဟိုအရင် အချိန်များက ကျွန်တော် ကိုယ်တိုင် ပါဝင်ဆင်နွဲခဲ့သော ညများလဲ ရှိခဲ့သည်။ ပြန်တွေးမိတိုင်း တသသနဲ့ ပြန်အောက်မေ့ သတိရမိသော ညများ ဖြစ်သည်။
                   ++++++++++++            ++++++++++++++             +++++++++++++++
လပြည့်ကျော်(၁)ရက်နေ့ မို့ လပြည့်ဝန်းကြီးက ရွှန်းရွှန်းမြမြဖြင့် သာနေသည်။ မြစ်ဧရာအတွင်း လေပြေလေညင်း၏ ဆော့ကစားမှုကြောင့် ဖြစ်တည်လာသော လှိုင်းကြက်ခွပ်လေးများက လရောင် ဆမ်းသော မြစ်ပြင်ထက်တွင် ငွေရောင် တလက်လက်ဖြင့် တောက်ပနေ၏။ လရောင်ဖြာကျနေသော မြစ်ကမ်းပါးဘေး သဲသောင်ပြင်ပေါ်တွင် ဆင်တဲ(မြောက်ပိုင်း)မှ ကျွန်တော်တို့ ကာလသား လူငယ်များ စုဝေးရောက်ရှိ နေကြသည်။ သူခိုးကြီး ညအတွက် အစီအစဉ်များကို ကာလသားခေါင်း ကိုကျော်ကြီးမှ ကာလသား လူငယ်များကို စီမံခန့် ခွဲ ပေးနေခြင်း ဖြစ်သည်။
“နားလည်ပါတယ် ကိုကျော်ကြီး...”
“အေး... မင်းတို့ ကို ငါယုံပါတယ်။ ဒါကြောင့်လဲ မင်းတို့ ကို ဦးဆောင်ပြီး သူခိုးကြီးညကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းဖို့ အတွက် ငါစီစဉ်ထားတယ်။ မင်းတို့ လဲ သိပြီးသား နေမှာပါ။ ရပ်ကွက်ထဲက ဘယ်အိမ်မှာ ကြက်ရှိတယ်၊ ဘယ်အိမ်မှာ ဘူးသီး ရှိတယ်၊ ဘယ်အိမ်မှာ ဘာသီးနှံ ရှိတယ် ဆိုတာကို။ ဒါပေမယ့်လို့ ငါမင်းတို့ ကို မှာချင်တာကတော့ ငါတို့ အပျော်အတွက် လုပ်တာ ဆိုပေမယ့်လို့ တဘက်သား မထိခိုက်အောင် စည်းကမ်းရှိကြပါ။ တစ်အိမ်ကို ကြက်တစ်ကောင်ထက် ပိုမခိုးပါနဲ့ ၊ ဘူးသီး တစ်လုံးထက် ပိုမခူးပါနဲ့ ၊ အသီးအနှံကို ခူးတဲ့ နေရာမှာလဲ တစ်ပင်ထဲက အများကြီး ခူးတာမျိုး အပင်ကို ထိခိုက်လောက်အောင် ကိုင်းတွေကို ချိုးခူးတာမျိုးတွေ မလုပ်ကြပါနဲ့ ။ ကိုယ့်အပျော်ကြောင့် တဘက်သားကို အရမ်းမထိခိုက် သွားစေနဲ့ ။ မင်းတို့ ခေါင်းထဲမှာ တွေးထားရမှာက ဒါမင်းတို့ ရပ်ကွက် ဟုတ်ပြီနော် ငါပြောတာ နားလည်လား...”
“ဟုတ်ကဲ့ နားလည်ပါတယ် ကိုကျော်ကြီး”
“မင်းတို့ လဲ ရွာထဲမှာ နေကြတာဘဲ။ ဘယ်သူ အဆင်ပြေတယ် မပြေဘူး ဆိုတာ သိကြတာဘဲ။ ဒီတော့ အဆင်မပြေတဲ့ အိမ်တွေကို မဝင်ပါနဲ့ ။ အဆင်ပြေတဲ့ အိမ်တွေ အတွက် ကြက်တစ်ကောင်၊ ဘူးသီးတစ်လုံးက ဘာမှ မဟုတ်ပေမဲ့ အဆင်မပြေတဲ့ အိမ်တွေ အတွက်ကတော့ ဒါက သူတို့ ရဲ့ ထမင်းအိုးဘဲ။ ပြီးတော့ အဆင်ပြေတဲ့ အိမ်ဘဲဆိုပြီး မတရားလဲ မလုပ်ပါနဲ့ ။  ဒီအိမ်က ခိုးလို့ လွယ်တယ် ဆိုတိုင်း အများကြီး မခိုးမိပါစေနဲ့ ။ ဥပမာ။   ။ကြက်ခိုးပြီးတဲ့ အိမ်က ဘူးသီးထပ်ယူဖို့ မလိုသလို ဘူးသီး ခိုးပြီးတဲ့ အိမ်က ကြက်ကိုလဲ လက်ရှောင်ရမယ်”
ကိုကျော်ကြီး စကားကို ကျွန်တော်က ထပ်မံ ဖြည့်စွက် ပြောလိုက်သည်။ ကာလသား လူငယ်များက နားလည်ကြောင်း မဆိုင်းမတွ ပြန်ဖြေကြသည်။ ထို့ နောက် ကိုကျော်ကြီးက ဆက်ပြောသည်။
“ဒီနေ့ ည အစီအစဉ်ရဲ့ ပထမဆုံး အနေနဲ့ ငါတို့ တွေ ဒီညချက်စားဖို့ လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်ဖြူနီ၊ ငရုတ်သီးမှုန့် တို့ ကို အရင် ဝယ်ရမယ်။ ဒီတော့ ဇော်ဇော်က လိုအပ်တာတွေကို ဒေါ်သိန်းတို့ ဆိုင်မှာ ငါ့နာမည်နဲ့ သွားယူ၊ ပြီးရင် ဒီကို ပြန်လာပြီး ကိုအောင်ထူးကို ကူပြီး လိုအပ်တာတွေ ပြင်ဆင် ချက်ပြုတ်ထားနှင့်၊ အဲဒီအတွက် မင်းကို ကူဖို့ လူငယ်နှစ်ယောက် ခေါ်သွား”
“ဒါဆို ကျွန်တော် တာတီးနဲ့ ဖိုးသင်္ကြန်ကို ခေါ်သွားလိုက်မယ်”
“အေး... ခေါ်သွား... မင်းဝယ်လာတဲ့ ဟာတွေကို စာရင်းလုပ်ပြီး ငါ့ဆီ ယူလာခဲ့ နောက်နေ့ မှ ငါတို့ တစ်ယောက် ဘယ်လောက်ကျလဲ တွက်ချက်ပြီး စုပေးကြတာပေါ့”
“ဒါနဲ့ ဆန်က ဘယ်လောက် ဝယ်ရမှာလဲ ကိုကျော်ကြီး”
“ညီရဲ... တို့ အဖွဲ့ က ခုလူဘယ်နှစ်ယောက်ရှိလဲ”
“ဆယ့်ရှစ်ယောက် ရှိတယ် ကိုကျော်ကြီး”
ကိုကျော်ကြီး အမေးကို ကျွန်တော်က ပြန်ဖြေလိုက်သည်။
“ဆယ့်ရှစ်ယောက်ဆိုတော့ တစ်ယောက်တစ်လုံးနှုန်းနဲ့ တွက်ရင် ဆယ့်ရှစ်လုံး လိုလိုပိုပို ဆန်သုံးပြည်လောက် ဝယ်လာခဲ့လိုက်ကွာ။ ဒါမှ လောက်လောက်ငှငှ ဖြစ်မှာ”
“ဟုတ်ကဲ့ ကိုကျော်ကြီး...  ကျွန်တော် သွားဝယ်လိုက်ပါ့မယ်”
“အေး... ဒါပေမယ့် ခဏနေဦး။ အစီအစဉ် အားလုံး ပြောဆိုပြီးမှ သွားပေါ့။ ခုက ညရှစ်နာရီ ဆိုတော့ အချိန်ရပါသေးတယ်”
ကိုကျော်ကြီး ဘယ်သူ့ ကို ဘယ်လို ခိုင်းမလဲ ဆိုသည်ကို  ကာလသား လူငယ်များက ငြိမ်ငြိမ်သက်သက်ဖြင့် နားထောင်နေကြသည်။ ကိုကျော်ကြီးက ရပ်ကွက်ထဲမှ ကာလသားလူငယ်များ အပေါ်တွင် သြဇာအာဏာ ညောင်းသည်။ ရပ်ကွက်ထဲရှိ သာရေး၊ နာရေး စသည့် ပွဲများတွင်လဲ ကိုကျော်ကြီး၏ ဦးဆောင်မှုအောက်တွင် ကာလသား လူငယ်များ တက်ညီလက်ညီဖြင့် စုပေါင်း လုပ်ကိုင်ကြလေ့ ရှိ၏။ 
“ဒုတိယ အစီအစဉ် အနေနဲ့ ကတော့ ငါတို့ အဖွဲ့ သုံးဖွဲ့ ခွဲမယ်။ ပထမ အဖွဲ့ မှာ ငါ၊ ထွန်းထွန်းနဲ့ သန်းထူးတို့ ပါမယ်၊ နေရာကတော့ ရွာလမ်းမကြီး တဝိုက်ကို တာဝန်ယူမယ်။ ဒုတိအဖွဲ့ ကိုတော့ ညီရဲ၊ ဖိုးဇော်နဲ့ ဇော်ကြီးတို့ က ကလေး သုံးယောက် ခေါ်သွားပြီး ရပ်ကွက် အနောက်ဘက်ပိုင်းကို တာဝန်ယူ... ကြားလား ညီရဲ”
“လူအများကြီး ဘာလုပ်ဖို့ လဲ ကိုကျော်ကြီး... ပြီးတော့ ဒီကောင်တွေက ထိမ်းရ၊ သိမ်းရ လွယ်တာ မဟုတ်ဘူး။ ကလေးတွေ အစား လင်းလင်း တစ်ယောက်လောက် ထည့်ပေးလိုက်။ အရေးအကြောင်းဆိုရင် ဒီကောင်က အားကိုးရတယ်။ ဒီကောင်က ကြက်ဖမ်းတာလဲ တော်တယ်”
“အေး... လင်းလင်း ကိုလဲ ခေါ်သွား ကလေးတွေကိုလဲ ခေါ်သွား...။ ဘာဖြစ်လို့ လဲ ဆိုတော့ သူတို့ ကို လက်တွဲခေါ်ရမယ်လေ။ သူတို့ တွေက မင်းစကားကို နားထောင်ပါတယ်။ မင်းတို့ အထဲဝင်တဲ့ အချိန် သူတို့ ကို အစောင့်ထားလို့ ရတာပေါ့။ ပြီးတော့ မင်းတို့ အဖွဲ့ ကို အင်အားများများ ထည့်ပေးလိုက်တာကလဲ အဲဒီဘက်ကို တခြား ရပ်ကွက်ကကောင်တွေ နယ်ကျွံလာတတ်လို့ ထည့်ပေးလိုက်တာ။ ဘာဖြစ်ဖြစ် တို့ ရပ်ကွက်ကိုတော့ တို့ စောင့်ရှောက်ရမယ်လေ။ တခြားရပ်ကွက်ကကောင်တွေ တို့ ရပ်ကွက်ကို လာသောင်းကျန်းတာကိုတော့ ခွင့်မပြူနိုင်ဘူး။ ဒါကြောင့် အကြောင်းထူးရင် ကလေးတစ်ယောက်လွှတ်ပြီး ငါတို့ ကို အကြောင်းကြားလိုက် ၊ ငါတို့ ဘယ်မှာ ရှိနေမယ် ဆိုတာလဲ သိနေတာဘဲ ဟုတ်ပြီလား ညီရဲ”
“ဟုတ်ကဲ့ ကိုကျော်ကြီး”
ကိုကျော်ကြီးက ကာလသားများကို တချက်ဝေ့ကြည့်လိုက်သည်။ ကာလသား လူငယ်များ သူ့ စကားကို စိတ်ဝင်တစား နားထောင်နေသည်ကို တွေ့ တော့မှ ဆက်ပြောသည်။
“တတိယ အဖွဲ့ ကိုတော့ ကိုငြိမ်းက ကျန်တဲ့ သုံးယောက်ကို ဦးဆောင်ပြီး ရွာမြောက်ဘက်ပိုင်းကို တာဝန်ယူလိုက်။ ကဲ... ဘာမရှင်းတာရှိသေးလဲ”
ကိုကျော်ကြီးက ငြိမ်နေသော ကာလသား လူငယ်များကို မေးလိုက်သည်။
“ကဲ... ဘာမှ မေးဖို့ မရှိဘူး ဆိုရင်လဲ လုပ်စရာ ရှိတာကို လုပ်ကြတော့။ ဒါပေမယ့် မင်းတို့ သိထားဖို့ က ည ၁နာရီထိုး ရင်တော့ ဒီနေရာကို ပြန်လာရမယ်နော်။ အဲဒီတော့မှ လုပ်စရာ ရှိတာတွေကို ဆက်လုပ်ကြတာပေါ့”
ကာလသား လူငယ်များလဲ သူ့ အဖွဲ့ နှင့်သူ လူစုခွဲ၍ ထွက်လာခဲ့ကြသည်။ ကျွန်တော်တို့ အဖွဲ့ လဲ ကိုယ်တာဝန်ယူ ထားသည့်  အပိုင်းဖြစ်သည့် ရွာနောက်ဘက်ပိုင်းသို့ ထွက်လာခဲ့ လိုက်သည်။
“ငရဲ... နဲနဲ စောနေသေးတယ်။ ငါတို့ လက်ဖက်ရည်ဆိုင် အရင် ခဏထိုင်ကြပြီးမှ လုပ်ငန်း စကြရင် မကောင်းဘူးလား”
“ဟင့်အင်း... လုပ်ငန်းအရင် စပြီးမှ လက်ဖက်ရည်ဆိုင်  ထိုင်မယ်”
“ဟာ... မင်းဟာက ပြောင်းပြန်ကြီး ဖြစ်မနေဘူးလား။ ခုမှ အစောကြီး ရှိသေးတယ်”
“ဒီမှာ ဇော်ကြီး... ဒီည သူခိုးကြီးည ဆိုတာကို တလောကလုံး သိကြတယ်။ ဒီတော့ တချို့ အိမ်တွေက မအိပ်ဘဲ စောင့်နေကြလိမ့်မယ်။ ဒါပေမယ့် သူတို့ စောင့်မဲ့ အချိန်က တီဗီက ပြတဲ့ ဇာတ်လမ်းပြီးမှ စောင့်ကြလိမ့်မယ်။  သူတို့ စောင့်နေတဲ့ အချိန်ရောက်မှ လုပ်ငန်းစမယ် ဆိုရင် ငါတို့ အတွက် ခက်သွားလိမ့်မယ်။ ဒါကြောင့် သူတို့ တီဗီ ဇာတ်လမ်း ကြည့်နေတုန်း ငါတို့ လုပ်ငန်းကို လက်စသပ်နိုင်ပြီးရင် လက်ဖက်ရည်ဆိုင် အေးအေး ဆေးဆေး ထိုင်လို့ ရပြီ”
“အေး... ဒါလဲ ဟုတ်တယ်။ မင်းတော်တယ် ငရဲ...”
ကျွန်တောတို့ ရွာနောက်ဘက်ပိုင်းကို ရောက်တော့ ပတ်ဝန်းကျင် တစ်ခုလုံးက မှောင်မည်း တိတ်ဆိတ်နေသည်။ ညဘက် ပိုးကောင်လေးများ၏ အော်သံများကို တစီစီဖြင့် ကြားနေရ၏။ ဒီဘက်ပိုင်းက လူပြတ်သည်။ အိမ်တချို့ မှ ထွက်လာသည့် တီဗီသံနှင့် သီချင်းသံ တချို့ မှ အပ လူသံသူသံများ တိတ်ဆိတ်နေသည်။
“ကျွန်တော်တို့ ဘယ်အိမ်ကို ဝင်ကြမလဲ ကိုရဲ”
ဖိုးကရင်က မေးလာခြင်း ဖြစ်သည်။ ကျွန်တော့်ကို အကြီးများက ညီရဲဟု ခေါ်ကြပြီး၊ ရယ်တူ သူငယ်ချင်းများက ငရဲဟု ခေါ်ကာ ငယ်သူများကတော့ ကိုရဲ ဟုခေါ်ကြလေ့ ရှိသည်။ ကျွန်တော်လဲ တချက် စဉ်းစားလိုက်ပြီး -
“ဒေါ်ဝင်းမာ အိမ်ကို ဝင်ကြမယ်။ သူတို့ က စီးပွားရေးလဲ အဆင်ပြေတယ်။ ကြက်တွေလဲ အများကြီး မွေးထားတယ်။ ကြက်တစ်ကောင်လောက်နဲ့ တော့ သူတို့ ကို ဘာမှ ထိခိုက်သွားစေနိုင်မှာ မဟုတ်ဘူး”
“အေး... ဟုတ်တယ် ငရဲ... ငါလဲ အဲဒီအိမ်ကို ပစ်မှတ်ထားပြီး လေ့လာထားတယ်။ ဒီအချိန်လောက် ဆိုရင် သူတို့ တွေ ဒီဘက်က သူ့ သမက် ရန်နိုင်တို့ အိမ်မှာ တီဗီ လာကြည့်လေ့ ရှိတော့ ဒီအချိန်က တို့ အတွက် အချိန်ကောင်းဘဲ”
ကျွန်တော့် စကားကို လင်းလင်းက ထောက်ခံ လိုက်ခြင်း ဖြစ်သည်။ ကျွန်တော်လဲ တချက် အကဲခတ်လိုက်ရင်း
“ကြက်တွေက ဘယ်နားမှာ အိပ်တန်းတက်တာလဲ ငလင်း”
“အိမ်အောက်ဘက်မှာ ငရဲ...”
“ဒါဆိုရင် မင်းနဲ့ ငါနဲ့ အထဲဝင်မယ်။ ဖိုးဇော်က အိမ်အပြင်ကစောင့်... ပြီးရင် ဂီရိနဲ့ ကိုသက်တို့ နှစ်ယောက်ကို ခြံပြင်က စောင့်ခိုင်းလိုက်၊ ဇော်ကြီးနဲ့ ဖိုးကရင်က ဘူးသီး သွားခူးချည်”
ကျွန်တော်က လေသံတိုးတိုးဖြင့် အစီအစဉ် ဆွဲပြီး အားလုံးကို တာဝန်ခွဲပေးလိုက်သည်။  အားလုံးက နားလည်ကြောင်း ခေါင်းညိတ်ပြကြသည်။
“ဘူးသီး ဘယ်မှာရှိတယ်ဆိုတာ သိတယ်မဟုတ်လား။ တစ်လုံးထက်လဲ ပိုမခူးနဲ့ နော်။ ငါပြောတာ နားလည်လား”
“အင်း... နားလည်တယ်”
“နားလည်တယ် ဆိုရင်သွားတော့။  ခုချိန်ကစပြီး အစီအစဉ်စပြီ သွက်သွက်လက်လက်နဲ့ သိုသိုသိပ်သိပ် လုပ်နော်။ ပြီးရင် ခြံပြင်ကစောင့် ဟုတ်ပြီလား”
ဇော်ကြီးနှင့် ဖိုးကရင်တို့ ထွက်သွားကြပြီး ကျန်သူများလဲ ကိုယ့်နေရာသို့ ကိုယ်ထွက်သွားကြသည်။ ကျွန်တော်နှင့် လင်းလင်းတို့ နှစ်ယောက်လဲ အခြေအနေ ကြည့်ကာ အိမ်အောက်ဘက်သို့  ဝင်လာခဲ့ လိုက်သည်။
“အခြေအနေ ဘယ်လိုလဲ ငလင်း”
“ကောင်းပါတယ် အေးဆေးဘဲ”
“အဆင်ပြေတဲ့ ကောင်ကိုဘဲလုပ် ငလင်း ခပ်သွက်သွက်လေးလုပ် ရွေးမနေနဲ့ ”
“အေးပါ... ငါသိပါတယ်။ ဟာ... ဒီကောင်က အဆင်မပြေဘူးကွ ကြက်ကလေးတွေနဲ့ ”
“ကြက်ကလေးတွေနဲ့ ဆိုရင်တော့ မလုပ်ပါနဲ့ တခြား အကောင်ကိုလုပ်”
“အေး... တွေ့ ပြီ ဒီကောင်ဆို အဆင်ပြေမယ်။ မင်းရှေ့တိုးမလာနဲ့ တော့... ငရဲ... ။ ကြက်တွေ လန့် ကုန်မယ်”
“အေး... အေး... ဒါဆိုရင် ငါ... အိမ်အပြင်ဘက်က စောင့်မယ် ဟုတ်ပြီလား”
ကျွန်တော် အပြင်ထွက်လာပြီး သိပ်မကြာခင်မှာပင် လင်းလင်းလဲ ကြက်တစ်ကောင် ပိုက်ပြီး ထွက်လာသည်။ အခုချိန်ထိကတော့ အားလုံး အဆင်ပြေနေသည်။ ထို့ နောက် ကျွန်တော်တို့ သုံးယောက် ခြံပြင်ကို ထွက်လာခဲ့ကြသည်။ ကျွန်တော်တို့ ခြံပြင်ကို ရောက်တော့ ဇော်ကြီးနဲ့ ဖိုးကရင်တို့ လဲ ဘူးသီး တစ်လုံးပိုက်ပြီး ရောက်လာကြ၏။  ဒါပေမယ့် ခြံပြင်တွင် အစောင့်ထားခဲ့သော ဂီရိနှင့် ကိုသက်တို့ ကို မတွေ့ ရပေ။
“အခြေအနေ အေးဆေးဘဲ မဟုတ်လား ဇော်ကြီး”
“အေး... အေးဆေးပါဘဲ။ ဒီမှာ ဘူးသီးလဲ ရလာပြီ”
“အေး... ဒါနဲ့ ဒီခြံပြင်မှာ အစောင့်ထားခဲ့တဲ့ ဟိုနှစ်ကောင်ရော”
“မသိဘူးလေ ငါတို့ လဲ ခုမှ ရောက်လာတာဘဲ”
“ကျွတ်... ဒီကောင်တွေတော့ကွာ။ ပြဿနာ ရှာပြန်ပြီ။ ရှာကြပါဦးဟ”
“ဟိုမှာ ဟိုမှာ ကိုရဲ.... ကိုရန်နိုင်တို့ အိမ်နားမှာ”
လှမ်းကြည့်လိုက်တော့ ကိုရန်နိုင်တို့ အိမ်နံရံပေါ် တွယ်တက်နေသည့် ဂီရိနှင့် အောက်နားမှာ ကုန်းကုန်းကွကွ လုပ်နေသည့် ကိုသက်တို့ ကို တွေ့ လိုက်ရသည်။
“ဟာ... ဒီကောင်တွေကတော့ ပြဿနာ ရှာပြန်ပြီ။ ကိုရန်နိုင်တို့ လင်မယားကို သွားချောင်းနေတာ ဖြစ်ရမယ်။ ဖိုးကရင် သွားခေါ်လိုက်စမ်းကွာ”
ဖိုးကရင်က ဂီရိနှင့် ကိုသက်တို့ ကို သွားခေါ်သည်။ အဲဒီအချိန်မှာပင် အောက်မှ ဖိုးကရင် ခေါ်သောကြောင့် ဂီရိက လှည့်အကြည့်တွင်-
“ဟာ....  သွားပြီ.....”
“ဖျစ်... ဖျစ်... ဗြော... ဖြောင်း.... ဝုန်း....”
“ဘယ်ခွေးမသားတွေလဲကွ”
“ဟာ... ပြေးဟေ့... ဟေ့ကောင်တွေ”
ဖြစ်ပုံက ဖိုးကရင် ခေါ်သောကြောင့် ဂီရိက လှည့်အကြည့်တွင် သူတွယ်တက်နေသည့် နံရံက ထရံချပ်ကြီး ပြိုကျလာခြင်း ဖြစ်သည်။ ထို့ နောက် ကိုရန်နိုင်၏ အော်ဟစ် ကြိမ်းမောင်းသံနှင့် ကျွန်တော်၏ ထွက်ပြေးရန် နှိုးဆော်သံတို့ အစီအရီ ထွက်လာခြင်း ဖြစ်သည်။ ကျွန်တော်က ရှေ့မှ ထောင်ပြေးသွားရင်း ရွာလမ်းမကြီးနား အရောက်တွင် ရပ်လိုက်ပြီး နောက်မှ လူများကို ရပ်ရန်လဲ တားထားလိုက်သည်။ ကိုရန်နိုင် လေးခွဖြင့် ရမ်းသမ်း ပစ်လိုက်သည့် လောက်စလုံးများက ကျွန်တော်တို့ နောက်နားတွင် တဖျောက်ဖျောက်နဲ့ ကျနေသည်။
“ငါတို့ ဒီအတိုင်းကြီး ရွာထဲ ပြေးဝင်လို့  မဖြစ်ဘူး။ ဒီတော့ ငလင်းနဲ့ ဇော်ကြီးက မင်းတို့ ကြက်နဲ့ ဘူးသီးကို အကျီ င်္နဲ့ အုပ်ပြီး ငါ့နောက်က လိုက်ခဲ့၊ တို့ ရှေ့မျက်စောင်းထိုး လမ်းကြားက ကမ်းနားကို ဆင်းပြီး မြစ်ဘေး ကနေသွားမယ်။ ကလေးသုံးယောက်က ရွာလမ်းမကြီး အတိုင်းသွား၊ အေးအေးဆေးဆေး ဖြေးဖြေးသွားနော် မပြေးနဲ့ ကြားလား၊ ဖိုးဇော်ကတော့ ဒီထိပ်က ကွမ်းယာဆိုင်မှာ အခြေနေစောင့်ကြည့်ရင်း ကျန်ခဲ့ ခဏနေမှ လိုက်လာခဲ့ ကြားလား”
ပြီးနောက် ကျွန်တော့် အစီအစဉ် အတိုင်း အားလုံး ခပ်သွက်သွက်လေး ထွက်လာခဲ့ကြသည်။ စုရပ်နေရာကို ရောက်တော့ ကလေးသုံးယောက်က ရောက်နှင့်နေပြီ။ ကျွန်တော်တို့ လဲ အချက်အပြုတ် တာဝန်ယူထားသည့် ကိုအောင်ထူးကို ကြက်နှင့် ဘူးသီးကို အပ်လိုက်သည်။ ထိုအချိန်မှာပင် နောက်ချန်နေခဲ့သည့် ဖိုးဇော်လဲ ပြန်ရောက်လာသည်။
“အခြေအနေ ဘယ်လိုလဲ ဖိုးဇော်”
“အေးဆေးပါဘဲ ဘာမှ ထူးထူးခြားခြား မဖြစ်ပါဘူး။ ဒါပေမယ့် ကိုရန်နိုင်ကြီး အော်ဆဲနေတာတော့ ကြားရတာဘဲ။ ကြက်ပျောက်တာတော့ မသိလောက်သေးဘူး။ သူတို့ လင်မယားကို လာချောင်းတယ်လို့ ဘဲ ထင်နေလောက်တယ်”
“ကဲ... ဒါဆို တို့ တွေ လက်ဖက်ရည်ဆိုင် သွားကြတာပေါ့”
“ဗျို့ ... ကိုအောင်ထူးကြီး ကိုကျော်ကြီး ပြန်လာလို့ ကျွန်တော့်ကို မေးရင် ကျွန်တော်တို့ လက်ဖက်ရည်ဆိုင် မှာရှိနေမယ်လို့ ”
“အေး... အေး... ညီရဲ...”
ထို့ နောက် ကျွန်တော်တို့ လဲ လက်ဖက်ရည်ဆိုင်သို့ ထွက်လာခဲ့လိုက်သည်။ ကျွန်တော်တို့ လက်ဖက်ရည်ဆိုင် ရောက်ပြီး မကြာခင်မှာပင် ကိုရန်နိုင် တစ်ယောက် တရှူးရှူးဖြင့် လက်ဖက်ရည်ဆိုင်သို့ ရောက်လာ၏။
မှတ်ချက်။    ။ ပိုစ့်က ရေးရင်း ရှည်လာသဖြင့် ပထမပိုင်းကို အရင်တင်ပြီး ဒုတိယပိုင်းကို နောက်မှ တင်ဖို့ ဆုံဖြတ် လိုက်ရပါသည်။ ဒီပိုစ့်လေးတွင် ကြက်ခိုးခြင်း၊ ဘူးသီးခိုးခြင်းများကြောင့် စာဖတ်သူတချို့ အနေဖြင့် အမြင်မှားနိုင်ပါသည်။ ဒါပေမယ့် သူခိုးကြီးညတွင် ဒီအပြုအမူလေးများက ကျွန်တော်တို့ ရွာ၏ ချစ်စရာ ဓလေ့စရိုက်လေးသာ ဖြစ်ပါသည်။ ကြက်အခိုးခံလိုက်ရလို့ ၊ ဘူးသီး အခိုးခံလိုက်ရလို့ လူငယ်များကို ပြဿနာ ရှာခြင်း အလျဉ်းမရှိပါ။ လူငယ်များကလဲ အပျော်သက်သက်သာ လုပ်ခြင်းဖြစ်ပါသဖြင့် ချစ်စရာ့ ရွာဓလေ့စရိုက် တစ်ခုသာ ဖြစ်ပါတော့သည်။
17 comments:
  1. တောဓလေ့သဘာဝလေးတွေက ဖတ်ရတာ ပိုလွမ်းစေတယ်အကို..
    စောင့်မျှော်အားပေးလျှက်..
    ReplyDelete
  2. ကိုယ့်အရပ်ကဓလေ့တွေကိုယ်လွမ်းနေရပါလားနော်
    ကြက်ခိုးခြင်း၊ ဘူးသီးခိုးခြင်း တို့အမြဲကြားခဲ့ဖူးတာပဲရှိတယ်
    တစ်ကယ်လဲရှိတယ်ပေါ့နော်။
    ခင်တဲ့ jasmine
    ReplyDelete
  3. တကယ်ကို ပျော်စရာ အဖြစ်လေးတွေပေါ့။
    ပေါက်ကရတွေတော့ လိုက်လုပ်ဖူးတယ်။
    ReplyDelete
  4. အင်းး ပြောရရင်တော့ ပေါ်ကုန်တော့မှာပဲ ဟီးဟီးး
    အဲလိုတွေလုပ်ခဲ့ဖူးပါ့ဗျား)
    ReplyDelete
  5. black ရေ
    သူခိုးကြီးညဆိုတော့တန်ဆောင်မုန်းလပြည့်နေ့ညပေါ့နော်..
    ReplyDelete
  6. သူခိုးကြီးည နှစ်ပတ်လည်ရောက်တိုင်း တီတင့်ရဲ့ဗျူတီးစလွန်းဆိုင်က ဆိုင်းဘုတ်ကြီးကို မောင်ညီရဲတို့လို ကာလသားတစ်သိုက် ဖြုတ်ယူသွားပြီး အိမ်ရှေ့တိုက်ရဲ့ ခေါင်မိုးမှာ သွားချိတ်ထားတာကို မမေ့နိုင်ဖြစ်နေတယ်း))
    လူငယ်တွေအတွက်ကတော့ အမြဲသတိရစေမယ့် အမှတ်တရရက်တွေပေါ့။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  7. သူလည်း ကိုးရီးယားကားလို အပိုင်းနဲ့... ဟိဟိ
    ဒုတိယပိုင်းကို မျှော်နေပါတယ် အစ်ကို.. :)
    ReplyDelete
  8. ကာလသားချက်လေးစားမလို့လာတာ.. ခုထိကြက်ခိုးခန်းက မတက်သေးဘူး.. ဟင်းမြန်မြန်ချက်ပါမောင်ညီရဲ..း)
    ReplyDelete
  9. သီတင်းကျွတ်ပြီး တန်ဆောင်မုန်းတောင်ရောက်ပြီဆိုတော့ ညီရဲသစ်တို့ ဖဘမှာ ကြော်ငြာဝင်ထားတယ်ပေါ့ ဟုတ်လား....း))
    ဒါနဲ့ ဒီနေ့ပဲ ရုံးမှာ ကာလသားဟင်းချက်စားကြတယ်...။
    ခင်တဲ့
    မိုးငွေ့
    ReplyDelete
  10. မလုပ်ဘူးပါဘူးဗျာ .. ကိုယ်က ကာလသား မဟုတ်ပဲ ကာလသမီး ဖြစ်နေလို့ .. :P
    ReplyDelete
  11. အေး...ဒီနှစ် နာ့ ကြက်မကြီးပျောက်ရင်တော့ ညီရဲပဲ...ရဘူး....နင့်ဘာသာ
    ဘယ်တိုင်းပြည်ရောက်နေနေ...၊ဘီဘီတိုက်ပြီးပြန်လျော်ရမယ်မှတ်.....:)
    ReplyDelete
  12. အော်.. အိမ်အောက်က ကြက်ပျောက်သွားတာ ညီရဲတို့ လက်ချက်ကိုး..
    မနက်ဖန်ကျ လျော်ကြေးလာတောင်းမယ် ပေးဖို့သာပြင်..
    တို့ဘက်မှာလဲ အဲလို ကြက်ခိုးတာ ဘူးသီးခိုးတာတွေ ရှိကြပါတယ်.. ငယ်တုန်းကတော့ တန်ဆောင်တိုင်ဆို နေရင်းထိုင်ရင်းပျော်တယ်..
    ရပ်ကွက်ထဲမှာ သောင်းကျန်းခဲ့ဖူးတယ်..
    သူငယ်ချင်းတွေ အများကြီးနဲ့ သူများဆိုင်းဘုတ်တွေ နေရာရွေ့ ခုံတွေနေရာရွေ့ ဆေးခန်းက ဆိုင်းဘုတ်ကို စားသောက်ဆိုင်ပို့ စားသောက်ဆိုင် ဆိုင်းဘုတ်ကို ဗေဒင်ဆိုင်ပို့ အဲသလို ပျော်စရာတွေ အကုန်လျှောက်လုပ်တာ.. နောက်တစ်နေ့ဆို ဆိုင်တွေ အသီးသီး ဆိုင်းဘုတ်ပျောက်လို့ရှာ.. ခုံပျောက်လို့ရှာ.. အဲသလို သောင်းကျန်းကြတာ.. ငယ်တုန်းကတော့ ဘာဖြစ်ဖြစ် ပျော်စရာကောင်းနေတာပါဘဲ. ခုများတော့ ပျော်တော့ဘူး.
    ReplyDelete
  13. ရွာလေးကိုသတိရလိုက်တာ
    ဖတ်သွားပါတယ်
    ReplyDelete
  14. ကြက်သားဗူးသီးလည်းစားရဘူး။ မယ်ဇလီဖူးသုပ် လည်း စားရဘူး။ :(
    ReplyDelete
  15. ပျော်စရာကောင်းတဲ့ ကျီးမနိုးပွဲကို ကိုယ်တိုင် မပါဝင်ခဲ့ပေမယ့် စောင့်ကြည့်ခဲ့ဘူးတယ်။ တော်ယုံလောက်ကတော့ ပျော်စရာ ဓလေ့မို့လို့ နားလည်ပေးကြတယ်။ တချို့ကတော့ အပျော်လွန်ပြီး အပျက်ဖြစ်ကြတော့ ပျော်စရာမကောင်းတော့ဘူးပေါ့။ ရောင်တော်ပြန်နဲ့ ရောလွှတ်တတ်သူတွေကိုလည်း သတိထားရသေးတယ်နော်။
    ဒုတိယပိုင်းစောင့်နေပါတယ် ညီရဲသစ်ရေ...။
    ReplyDelete
  16. ငယ်ငယ်တုန်းကတော့ သူများတွေ လုပ်ကြတာ တွေ့ဖူးတယ်ဗျ..၊ ဘေးကနေ ကြည့်ရတာတောင် ပျော်စရာကြီး..၊ ရိုးရာမဟုတ်ပေမယ့် လူငယ်တွေရဲ့ ဓလေ့တစ်ခုလို ဖြစ်နေတော့လည်း လူကြီးတွေက ဒီလိုပဲ ခွင့်လွှတ်၊ နားလည် ပေးလိုက်ကြတယ်နဲ့ တူပါတယ်၊ ဒုတိယပိုင်းကို စောင့်နေပါတယ်..။
    ReplyDelete
  17. အားပေးသွားပါတယ်ပျော်စရာတောဓလေ့လေးကိုရေးထားတယ်နော်
    ReplyDelete