မကြည့်ဝံ
ကြည့်ဝံမို့ 
အကြည့်တို့ က
မဝံမရဲ...။
မလှမ်းဝံ
လှမ်းဝံမို့ 
ခြေလှမ်းတို့ က
မဝံမရဲ...။
မချစ်ဝံ
ချစ်ဝံမို့ 
အချစ်တို့ က
မဝံမရဲ...။
မလွမ်းဝံ
လွမ်းဝံမို့ 
အလွမ်းတို့ က
မဝံမရဲ...။
မကြည့်ရဲကြည့်ရဲ
မလှမ်းရဲလှမ်းရဲ
မချစ်ရဲချစ်ရဲမို့ 
လွမ်းရတာတောင်
မလွမ်းရဲလွမ်းရဲ...။
ရဲရဲသာလွမ်းပါလေး)ရဲရဲကြီးသာ ကြည့်ပစ်လိုက်စမ်းပါး)
ReplyDeleteဒိုးကန် တာဝန်ယူပါတယ် ..ထွက်ပြေးဖို့း)
အမယ် အမယ် ဘလက်တို့ များ ဖွဲ့ နွဲ့ နေလိုက်တာ
ReplyDeleteဘယ်လို တိတ်တခိုးတဲ့ ခွိခွိ
ကဗျာလေးလှတယ် တကယ်။
မဝံတဝံတွေ မရဲတရဲတွေလုပ်မနေနဲ့ဘလက် ချသာချ ရေနွေးကြမ်းကိုပြောတာ
းO အဲဟုတ်ပါဖူး ကော်ဖီကိုပြောတာ....းD
ကိုယ်ရောစိတ်ပါအေးချမ်းပြီး
သာယာချမ်းမြေ့ပါစေရှင်း
မိုး
ကဗျာလေးက တကယ်ကို ရှက်ကိုးရှက်ကန်းဖြစ်နေတဲ့ ကောင်လေးကိုမြင်ယောင်သွားစေတယ်း)
ReplyDeleteကြည့်ဝံပါစေဗျာ ။
အစ်ကိုက ကဗျာရေးလည်း ကောင်းတာပဲ..
ReplyDeleteရဲရဲကြည့် .. ရဲရဲလှမ်း... ရဲရဲချစ်... ရဲရဲလွမ်းပါ အစ်ကိုရ..
ဒီအစ်ကို မရိုးသားတော့ဘူး.. ငှဲ ငှဲ ငှဲ :P
ခင်ညာ... ၀က်ဝံတွေပဲ မြင်ယောင်သွားတယ်.. ဟိဟိ... နောက်တာပါ.. အောက်ကမြင့်ထည့်ဖတ်သွားတယ်.. တော်တော့်ကို နူးညံ့တဲ့ကဗျာလေးပါ..း))
ReplyDeleteခင်မင်လျက်
နေ၀သန်
တိုတိုလေးနဲ့ ထိမိပါပေတယ်ဗျာ။
ReplyDeleteဆရာ မောင်စိန်ဝင် ( ပုတီးကုန်း ) များလေလားပဲ။
တိတ်တခိုးလေးချစ် တိတ်တခိုးလေး လွမ်းနေတယ်ပေါ့။
ReplyDeleteတို့လည်း အဲဒီလိုဖြစ်နေတယ်..
ကြွေးရှင်နဲ့ တွေ့တဲ့အခါပြောပါတယ်
ကြွေးရှင်ဆီလည်း ခြေလှမ်းရဲရဲ မလျှောက်ရဲ
ကြွေးရှင်မျက်နှာလည်း သေချာမကြည့်ရဲ
အကြွေးတောင်းမှာကြောက်လို့လေ..း)
ကဗျာကို ဖျက်ပြီး ခံစားသွားတာ မဟုတ်ဘူးနော်
ဖြစ်နေတာကို ပြောပြတာ. တိုက်ဆိုင်သွားလို့ :P
အမယ်.. အမယ်...ရှက်နေလိုက်ပုံက...။
ReplyDeleteရှက်ရွံ့နေဟန်လေးကို မြင်မိတယ်..။
မချေးဝံ ချေးဝံနဲ့ ချေးပါရစေလား......ပိုက်ဆံ ငါးဆယ်လောက်.....:)))
ReplyDeleteကြည့်ရဲအောင်ကြည့်ပြီး
ReplyDeleteလွမ်းလဲလွမ်း
ရဲရဲကြီးသာလွမ်းလိုက်ပါ(အခွန်ဆောင်စရာမလို)
မကြည့်ရဲကြည့်ရဲ
မလှမ်းရဲလှမ်းရဲ
မချစ်ရဲချစ်ရဲမို့ 
လွမ်းရတာတောင်
မလွမ်းရဲလွမ်းရဲ.......ဖြစ်ရလေခြင်း
ကိုညီရေ..
ReplyDeleteရဲရဲကြီးသာ..ကြည့်လိုက်
လှမ်းလိုက်..ချစ်လိုက်..လွမ်းလိုက် ပါရှင်
နောင်ခါလာတော့လည်း..နောင်ဈေးပေါ့နော်း)
ဒါနဲ့..မနေ့က.တီတင့်အိမ်မှာတွေ့လိုက်တယ်
ခန့်သားပဲဗျို့..ဘာတွေများမရဲစရာရှိလို့လဲ
ရဲရဲကြီးသာ..ဆက်သွားလိုက်ပါ
ခြောင်းရိုက်ခံရတော့လည်း..အသိသာကြီးပါနော်းP
ချစ်ခင်စွာဖြင့်
သာမီးစံ
လွမ်းရတာတောင် မရဲတရဲ ...:):)
ReplyDeleteခံစားအားပေးသွားတယ်အကို....
ဆန္ဒရှိရင် ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ပြလိုက်ပါ မောင်ညီရဲရေ။
ReplyDeleteခြေတစ်လှမ်းနောက်ကျလို့ နောင်တဆိုတာ မရခင် အကောင်အထည်ဖော်နိုင်ပါစေနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အမလေး....ဒီအရွယ်ကြီးရောက်နေပြီ တိတ်တခိုးတွေ ဘာတွေလုပ်နေရသေးတယ်....တုံးတိုက်တိုက် ကျားကိုက်ကိုက် ကြိုက်ကြိုက်တယ်ပေါ့.... :P
ReplyDeleteဘွားတော်
အမယ်...ဘာတွေကြောက်နေရတာလဲ
ReplyDeleteကြိုက်ရင်ကြိုက်တယ်
ချစ်ရင်ချစ်တယ်ပေါ့
ဘာမှမဝံမရဲဖြစ်စရာမလိုဘူးလေ..
ဟီးးဟီးး သိနေတယ်နော်..
ကဗျာချစ်သောကျွန်တော် ဖတ်ဝံ့၍ ဖတ်သွားသည်။
ReplyDelete:)
ရဲရဲသာ ဝံ လိုက်ပါ အဲလေ... ဝံ့ လိုက်ပါလို့တိုက်တွန်းပါရစေလား။ ဟီး... ခင်လို့ နောက်တာနော်။ ကဗျာလေးက ချစ်စရာလေး ကိုညီရေ။ ပျော်ရွှင်သောနေ့လေးဖြစ်ပါစေဗျာ။
ReplyDeleteမဖတ်ဝံ့ဝံ့
ReplyDeleteဖတ်ဝံ့ဝံ့
း))
ကဗျာလေးက ချစ်စရာကောင်းလေခြင်း။