Wednesday 19 September 2012

ရန်ကုန်မြို့ က ရွာမဟုတ်ဘူး

အလုပ်နားရက် တနင်္ဂနွေ တစ်ရက်တွင် ပျင်းပျင်း ရှိသဖြင့် စင်ကာပူနိုင်ငံရှိ ရွှေမြန်မာတို့ ဆုံဆည်းရာ ပင်နီဆူလာ ပလာဇာသို့ တစ်ခေါက် ရောက်လာခဲ့၏။ ဟိုယောင်ယောင် ဒီယောင်ယောင် ဟိုတွေးဒီငေးဖြင့် ပင်နီဆူလာ၏ လူစီးကြောင်းကြီးထဲ မျောလွင့်နေခဲ့၏။ ပင်နီဆူလာ၏ လူစီးကြောင်းထဲတွင် ရွှေမြန်မာတို့ ကို လူမျိုးစုံ၊ စရိုက်မျိုးစုံဖြင့် တွေ့ ရ၏။ မြန်မာလူမျိုးများ၊ မြန်မာ တိုင်းရင်းသား လူမျိုးစုများ၊ မြန်မာစကားပြောကြသည့် တရုတ်လူမျိုးနှင့် ကုလားလူမျိုးများကို အမျိုးအစား စုံလင်စွာ တွေ့ ရသည်။ တချို့ ယဉ်ကျေးသိမ်မွေ့ ပြီး အချိုးအနား ကျနစွာ စမတ်ကျကျ ဝတ်ဆင်ထားကြသည်။ တချို့ လဲ ကိုယ်နှင့်လိုက်၏ မလိုက်၏ကို မှန်ထဲ ပြန်မှ ကြည့်ခဲ့ရဲ့ လား တွေးယူရလောက်အောင် ဝတ်စားထားကြသည်။ တိုမှ ပြတ်မှ မတို၊ မပြတ်၊ မဟိုက်ရင်ဖြင့် လူရာမဝင်ဟု တွေးထားသလား မသိရသည့် ရွှေမလေးများကိုလဲ တွေ့ ရ၏။ ကွမ်းတပျစ်ပျစ် ဝါးနေသူများ၊ ဘီယာဗူးလေး ကိုင်ကာကိုင်ကာဖြင့် ပင်နီဆူလာ ပလာဇာထဲ လမ်းသလားရင်း အတိုအပြတ်လေးများကို မျက်စိအစာကျွေးနေသည့် ငတိများကိုလဲ တွေ့ ရ၏။ ဒါတွေကို မြင်လိုက်တော့ ဘာရယ်မဟုတ် ဘာကိုမှန်းမသိဘဲ သက်ပြင်းမော တစ်ချက် လွင့်ကျသွားသည်။ ထိုစဉ် နောက်ကျောဘက်မှ လှမ်းဆွဲပြီး နှုတ်ဆက်ခြင်းကို ခံလိုက်ရသည်။ ကြည့်လိုက်တော့ ဘယ်အချိန် ဘယ်ကာလက ဆိုသည်ကို စဉ်းစားမရတော့သည့် ကျွမ်းဝင်ဖူးသည့် မျက်နှာဟောင်း တစ်ခုကို တွေ့ လိုက်ရ၏။ ဒါကလဲ စကားကြီး စကားကျယ် ပြောတတ်လွန်းသည့် ရန်ကုန်သား တစ်ယောက် ဆိုသည့် အသိဖြင့် မှတ်မိနေခြင်း ဖြစ်သည်။

"တစ်ယောက်တည်းလား... မတွေ့ တာတောင် ကြာပြီနော်"
"ဟုတ်... တစ်ယောက်တည်းပါဘဲ"
"ဘယ်လိုလဲ အဆင်ပြေရဲ့ လား"
"ပြေပါတယ် ပုံမှန် အတိုင်းပါဘဲ"
"အင်းလေ ဘာဖြစ်ဖြစ် ရွာမှာနေတာထက်တော့ သာပါတယ်"
"ဒါပေါ့ ဒါပေါ့"
"ရွာကို အလည် ပြန်ဖြစ်သေးလား"
"သင်္ကြန်တုန်းကတော့ တစ်ခေါက် ပြန်ဖြစ်သေးတယ်"
"ရွာမှာလဲ ခုရေတွေ ကြီးနေတယ်နော်"

ကျွန်တော့် ရင်ထဲ ထိတ်ကနဲ ဖြစ်သွားသည်။ ဧရာဝတီ မြစ်ကမ်းဘေး နေသည့် ကျွန်တော်တို့ အတွက် ရေကြီးသည်က နဲနဲတော့ ရင်ထိတ်စရာ ဖြစ်သည် မဟုတ်လား။ ရွာမှာ ကျန်ခဲ့သည့် မိဘနှစ်ပါးအတွက် စိတ်မအေး ဖြစ်သွားမိသည်။

"ဟုတ်လား ဒီရက်ထဲ ကျွန်တော်လဲ ဖုန်းမဆက်ဖြစ်တော့ မသိသေးဘူး။ ဒါနဲ့ ရွာမှာ ရေကြီးတာ ဘယ်လို သိသလဲဗျ"
"ဟာ... ကိုယ့်လူကလဲ ဖုန်းဆက်မှလား ရန်ကုန်မှာ ရေကြီးတာ လူတိုင်းသိနေတာဘဲ"

 အိုး... ကိုယ့်ရွာအကြောင်းကို ပြောနေတယ်မှတ်တာ...။ သူက ရန်ကုန်မြို့ အကြောင်းကို ပြောနေတာကိုး။

"ကျွန်တော် ရန်ကုန်မြို့ က မဟုတ်ဘူးဗျ နယ်က..."
"ဟုတ်ပါရဲ့ ... ရန်ကုန်ကမှ မဟုတ်ဘဲ။ ဒါနဲ့ ပြည်ဘက်က ထင်တယ်..."
"ဟုတ်တယ် ကျွန်တော်က ပြည်မြို့ တဖက်ကမ်း ဆင်တဲက...။ ဒါနဲ့ ရန်ကုန်မြို့ က ဘယ်တုန်းက ရွာဖြစ်သွားတာလဲ။ ဘယ်သူတွေကများ ရန်ကုန်မြို့ ကို ရွာလို့ သတ်မှတ်လိုက်ကြတာလဲဗျ..."
"ဒီလိုဘဲ လူတွေ ပြောနေကြတာဘဲလေ"
"ဟုတ်လား... ဘယ်လို လူတွေများ ပြောနေကြတာလဲ။ ပြုပြင်ပြောင်းလဲမှုတွေကို အရှိန်အဟုန်နဲ့ လုပ်နေတဲ့ ကျွန်တော်တို့ ရဲ့ သမ္မတကြီးများ မိန့် ခွန်းတွေထဲမှာ ထည့်ပြောမိလို့ လား။ ဒါမှမဟုတ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်များ ပြောမိလိုက်လား"
"ဟာ... အဲဒီလိုတော့ မပြောပါဘူး"
"ဒါဆို စတုတ္ထမဏ္ဍိုင်လို့ ခေါ်တဲ့ မီဒီယာသမားတွေများ ဂျာနယ်တွေထဲမှာ ထည့်ဖော်ပြကြလို့ လား"
"ဂျာနယ်တွေထဲလဲ မဖော်ပြကြပါဘူး"
"ကျွန်တော်တို့ လေးစားရတဲ့ သမိုင်းသုတေသီတွေရဲ့ နှုတ်ထွက်စကားထဲမှာ၊ ဒါမှမဟုတ် စာရေးဆရာကြီးတွေရဲ့ စာပေဟောပြောပွဲတွေမှာများ သူတို့ ထည့်ဟောပြောခဲ့ကြလို့ များလားဗျာ"
"အဲဒီလိုလဲ မပြော၊ မဟောခဲ့ကြပါဘူး"
"သင်ရိုးညွှန်းတန်းတွေများ ပြောင်းသွားသလားဗျာ"
"သင်ရိုးညွှန်းတန်းတွေလဲ မပြောင်းပါဘူး"

သေသေချာချာ စေ့စေ့ကြည့်ပြီး အမေးခံနေရသဖြင့် ထိုသူ နဲနဲတော့ အိုးတိုးအမ်းတမ်း ဖြစ်နေပြီ။ သူ့ ပုံက ကယောင်ကတန်းဖြင့် ဖြေနေဟန် ဖြစ်လာ၏။

"ရန်ကုန်မြို့ ကြောင့်ခင်ဗျားမှာ ထိခိုက်နစ်နာစရာတွေများ ရှိခဲ့ဖူးလို့ လား"
"အဲဒီလိုလဲ မရှိပါဘူး"
"ဒါနဲ့ များဗျာ ဘာကြောင့် ကိုယ်နေနေတဲ့ ရန်ကုန်မြို့ ကို ရွာလို့ နှိမ်ချ သုံးနှုန်းနေရတာလဲ"
"ဟာ... ဟို... ကိုယ်က အဲဒီသဘောနဲ့ မဟုတ်ပါဘူး။ ကိုယ်ဆိုလိုချင်တာက အဲဒီလို အဓိပ္ပါယ် မဟုတ်... ဘယ်လို ပြောမလဲ တခြားလူတွေလဲ ဒီလိုဘဲ ပြောနေကြတာ ဆိုတော့... ဟိုလေ... အင်း..."

ဘာမှ ဆက်မပြောချင်တော့ သဖြင့် ကိုယ့်စကားလုံးများနှင့်ကိုယ် လုံးထွေးနေသည့် ထိုလူကို ထားခဲ့ပြီး လှည့်ထွက်လာခဲ့လိုက်သည်။ ထို့ နောက် ပင်နီဆူလာရဲ့ လူစီးကြောင်းကြီးထဲ ထပ်မံ မျောပါသွားပြန်သည်။ ဒီတကြိမ်တော့ ဟိုတွေးဒီတွေး မဟုတ်တော့။ ဒီလူတွေ ဘာကြောင့်များ ရန်ကုန်မြို့ ကို ရွာလို့ နှိမ်ချ သုံးနှုန်း ပြောဆိုနေကြတာလဲဟု တွေးကြည့်နေမိ၏။ ယခင်ကတည်းက ခုလို သုံးနှုန်းပြောဆိုနေသံများကို တဆင့်စကားများဖြင့် ကြားဖူးနေခဲ့သည်။ သို့ သော် တေ့တေ့ဆိုင်ဆိုင် ကတော့ ခုမှ ကြုံဖူးခြင်း ဖြစ်သည်။ ယခုကဲ့သို့ ကြုံလာတော့လဲ ဒီပါးစပ်က မနေနိုင်တော့ ပြောမိဆိုမိ ရပြန်သည်။ ထိုသူတို့ ပြောသလို ရန်ကုန်မြို့ က တကယ်ဘဲ ရွာဖြစ်သွားပြီလား တွေးကြည့်မိသည်။ ကိုယ်တွေ ငယ်ငယ်တုန်းက စာထဲမှာ သင်ခဲ့ရသလို ရန်ကုန်မြို့ က မြန်မာနိုင်ငံ၏ မြို့ တော် မဟုတ်တော့လို့ လား။ သို့ မဟုတ် သူပြောခဲ့သလို ရန်ကုန်မြို့ တွင် ရေတွေကြီးနေသောကြောင့်လား။ သို့ မဟုတ် အစိုးရ ရုံးကြီးတော်တော်များများ ရန်ကုန်မြို့ တွင် ရုံးမစိုက်ကြတော့လို့ လား။ သို့ မဟုတ် ရန်ကုန်မြို့ တွင် မီးမမှန် သောကြောင့်လား။ သို့ မဟုတ် ရေမမှန် သောကြောင့်လား။ သို့ မဟုတ် တိုးကြိတ် စီးနေရသည့် ဘက်စ်ကားများနှင့် ပျက်စီးနေသည့် လမ်းများကြောင့်လား။ သို့ မဟုတ်.......... လား... ပေါင်းများစွာဖြင့် အတွေးများပွားသွားရ၏။ ဟိုတချိန် လွန်ခဲ့သော နှစ်ပေါင်း ငါးဆယ်ကျော်က အရှေ့တောင်အာရှ၏ အကြီးဆုံး ဘော်လုံးကွင်း ဖြစ်ခဲ့သည့် အောင်ဆန်းကွင်း၊ အရှေ့တောင်အာရှ၏ အကြီးဆုံး ရုပ်ရှင်ရုံဖြစ်ခဲ့သည့် သမ္မတရုပ်ရှင်ရုံ၊ အရှေ့တောင်အာရှ၏ နာမည်အကြီးဆုံး တက္ကသိုလ် ဖြစ်ခဲ့သည့် ရန်ကုန်တက္ကသိုလ်၊ အရှေ့တောင်အာရှ၏ အကောင်းဆုံး ဆေးရုံဖြစ်ခဲ့သည့် ရန်ကုန်ဆေးရုံကြီးနှင့် အရှေ့တောင်အာရှ၏ အကောင်းဆုံး ဖြစ်ခဲ့သည့် မင်္ဂလာဒုံ လေဆိပ်တို့  တည်ရှိနေသည့် ရန်ကုန်မြို့ ကြီးသည် ယခု သူတို့ ပြောသကဲ့သို့ ရွာအဆင့်သို့ နိမ့်ကျ သွားပြီလားဟု တွေးကြည့်မိသည်။ ယခင်ကဲ့သို့ မဟုတ်ဘဲ ရန်ကုန်မြို့ ကြီးသည် ယခုအချိန်တွင် အများကြီး ခေတ်နောက်ကျ ကျန်ခဲ့ပြီ ဆိုသည်ကို လက်ခံပါသည်။ သို့ သော် သူတို့ နှိမ်ချ ပြောဆိုကြသလို ရွာတစ်ရွာ အဆင့်ထိတော့ ဘယ်တော့မှ နိမ့်ပါးသွားမည် မဟုတ်ဟု အသွေးအသားထဲမှ ယုံကြည်နေမိသည်။ တချို့ လဲ ဘာရယ်မဟုတ် အလွမ်းပြေ သူများခေါ်သလို လိုက်ခေါ်ဖြစ်ကြသည်။ တချို့ လဲ အဓိပ္ပါယ် တစ်မျိုးဖြင့် ခေါ်ကြသည်။ သို့ သော် ကျွန်တော်ကတော့ ထိုကဲ့သို့ ဘယ်တော့မှ ခေါ်ဖြစ်လိမ့်မည် မဟုတ်။ ထို့ ကြောင့် ရန်ကုန်မြို့ က ရွာမဟုတ်ဘူး ဆိုသည့် အကြောင်းကို အခါအခွင့်သင့်တိုင်း ကျွန်တော် ပြောဖြစ်နေပါဦးမည်။

17 comments:

  1. Thank you for this post.
    အရမ်းပြောချင်နေတာ ကြာပါပေါ့..စလုံးကလူတွေ စလုံးမှာနေတာနဲံ ရန်ကုန်မြို့လဲ ရွာဖြစ်ရော...တ
    ချို့ကပြောသေး..ရန်ကုန်ကို ရွာလို့ပြောရတာ ပိုအားရတယ်ဆိုပဲ..
    စလုံးနေရပေလို့ပဲ..တခြားနိုင်ငံမှာဆို ရန်ကုန်ကို ငရဲပြည်လို့များပြောမလားမသိ...

    ရန်ကုန်ကို ရွာလို့ပြောလို့ မကျေနပ်ခဲ့တာ ကြာပီ...
    ဒီပို့စ်..တကယ်ကျေးဇူးတင်ပါတယ်။

    ရန်ကုန်သူစစ်စစ်

    ReplyDelete
  2. ရန်ကုန်ကရွာမှမဟုတ်တာ။ :(
    တကယ် မြို့စစ်စစ်ပါ။
    ဪ ပြောရက်တယ်။

    ReplyDelete
  3. ဟုတ်လိုက်လေ......။ ချစ်စရာကောင်းတဲ့ ရန်ကုန်ဟာ ရန်ကုန်ပဲပေါ့။ ဒဏ်ရာတွေ နာကျင်မှုတွေကြားက ရုန်းထနေရတဲ့ ရန်ကုန် ကိုဘယ်တော့မှ ရွာလို့  နိမ့်ချဖြစ်ဖို့ လက်မခံနိုင်ခဲ့ ဘူး....။ သူတို့ တွေအမြင်အရ.........ချစ်ခင်နွေးထွေးမှုဆိုတဲ့ သဘောနဲ့ ပဲခေါ်ခေါ်.......ဘာကြောင့်ပဲသတ်မှတ်သတ်မှတ်.......ကိုယ်ကတော့ ရန်ကုန်ဟာ ချစ်စရာကောင်းမြဲကောင်းဆဲ......တန်ဖိုးထားစရာမြို့ လေးဖြစ်ဆဲပဲ.......။

    ReplyDelete
  4. မောင်လေးရေ မောင်လေးနဲ.ထပ်တူ ရန်ကုန်မြို.က ရွာမဟုတ်ပါဘူးဆိုတာကို သဘောတူပါတယ်ကွယ်။ ဒီမှာ ဘယ်လောက် အဆင်.အတန်းတွေမြင်.မြင်. ရန်ကုန်မြို.ကြီးကိုဘဲ ပြန်ချင်နေမိတယ်။

    ReplyDelete
  5. ဘယ်နေရာမှာပဲ ရောက်ရောက် ရန်ကုန်မြို့ကြီးကိုတော့ ချစ်ခင်တွယ်တာနေဆဲ..အို အမြဲလွမ်းနေဆဲပါ...

    ReplyDelete
  6. စလုံးကိုရောက်နေတော့ သူစိတ်ထဲ ရန်ကုန်ကိုရွာထင်နေတာဖြစ်မှာပါ

ှုဥရောပကိုရောက်ခဲ့ရင်သူဘယ်လိုထင်မယ်မသိ-----

    ReplyDelete
  7. ဟုတ်တယ် ..
    ဘာမှန်းလည်း မသိဘူး ..
    ရန်ကုန်ကို ရွာ ၊ ရွာ နဲ့ .. >.<း(

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  8. ခုချိန်ထိ ကိုယ့်နိုင်ငံရဲ့ မြို့တော်လို့ ဂုဏ်ယူနေတုန်းးးးး :)

    ReplyDelete
  9. ရန်ကုန်မှာမွေး၊ ရန်ကုန်မှာ ကြီးပြင်းခဲ့သူ တစ်ယောက်အနေနဲ့ ဒီမြို့ကို ‘ရွာ’ လို့ ဘယ်လိုမှ မမြင်မိပါဘူး၊ အမေနဲ့ရွာကိုလွမ်းတယ် လို့ပြောရင်းက နှီးနွယ်ပြီး ခေါ်တာပဲဖြစ်ဖြစ်၊ နှိမ်ပြီး ခေါ်တာပဲဖြစ်ဖြစ် ရန်ကုန်ဟာ ရန်ကုန်ပါပဲ၊ သူ့အပြစ် တစ်စက်မှ မပါဘဲနဲ့ သူ့အပေါ်မှာ ထင်သလို လုပ်သွားကြတဲ့ လူတွေကြောင့် ညည်းတွား၊ မောပန်းနေခဲ့ရတဲ့ မြို့ကြီးကို ကျနော်လည်း ချစ်ခင်တွယ်တာ နေဆဲပါပဲ...။

    ReplyDelete
  10. ထောက်ခံတယ်ကိုညီရဲသစ်ရေ....:)...နားထဲမယ်ကိုးလိုးကန့်လန့်ဖြစ်လိုက်တာ
    အဲလိုပြောတာကြီးကို..... ဒီစရောက်လို့ကြားမိကတည်းက...

    ReplyDelete
  11. သေချာတာပေါ့ မောင်ညီရဲရေ။ ရန်ကုန်မြို့က ရွာမဟုတ်ပါဘူးကွယ်။
    ရန်ကုန်မြို့အဖြစ် အမြဲတည်တံ့ ရှင်သန်လျက်ပါ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  12. သေချာတာပေါ့ မောင်ညီရဲရေ။ ရန်ကုန်မြို့က ရွာမဟုတ်ပါဘူးကွယ်။
    ရန်ကုန်မြို့အဖြစ် အမြဲတည်တံ့ ရှင်သန်လျက်ပါ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  13. သေချာတာပေါ့ မောင်ညီရဲရေ။ ရန်ကုန်မြို့က ရွာမဟုတ်ပါဘူးကွယ်။
    ရန်ကုန်မြို့အဖြစ် အမြဲတည်တံ့ ရှင်သန်လျက်ပါ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  14. ကိုယ်တွေလည်း သုံးနှုန်းမိတာပါပဲ...၊ဒါပေမယ့် ချစ်စနိုးနဲ့သုံးမိတာပါ...၊စိတ်ထဲ
    မတော့ နှိမ်ချချင်စိတ်မရှိရပါဘူး....၊ကိုယ့်တူလေးသားလေးတွေကို ချစ်စနိုးနဲ့
    ခွေးလေး၊ဝက်ကလေး လို့စနောက်ခေါ်မိသလိုပေါ့နော့....၊အင်း....ပေါ့လေ...
    လူအမျိုးမျိုးစိတ်အထွေထွေဆိုသလို စလုံးရောက်ပြီး ရန်ကုန်ကို မြို့လို့မထင်
    တော့တဲ့သူတွေလည်းရှိလိမ့်မပေါ့....၊ဒါပေမယ့်ကိုယ်တို့စိတ်ထဲမှာတော့ ဒဏ်
    ရာတွေဗလပွပေမယ့် ရန်ကုန်က ဒို့မြို့တော်ပါပဲလေ...။

    ReplyDelete
  15. ရက်စ် မှန်၏ ဆရာညိမ်းပြောတာ...။

    ReplyDelete
  16. ဟုတ်တယ်.. ရန်ကုန်ကို ရွာလို့ပြောလို့ ရန်ဖြစ်ရပေါင်းလည်းများခဲ့ပြီ။ ကိုယ်ကိုယ်တိုင်ကမှ တန်ဖိုးမထားတတ်ရင် တန်ဖိုးမထားနိုင်ရင် တခြားတစ်ပါးသူတွေ နှိမ်ချဆက်ဆံခံရတာ မဆန်းဘူး .. ဘာဖြစ်ဖြစ် ကိုယ်မွေးခဲ့ နေခဲ့တဲ့ တိုင်ပြည်တစ်ခုရဲ့ မြို့တော်ကို ရွာလို့ ပြောတတော့ အစ်မလည်း လုံးဝကို လက်မခံနိုင်ဘူး ..

    ဖတ်ရတာ ကျေနပ်တယ် ညီရဲရေ ..

    ReplyDelete
  17. အစ်မလည်း အစက ရွာကို ဆိုလို့ မသိဘူး။ နောက်မှ ရန်ကုန်ကိုပြောမှန်းသိတာ။ အစ်မလည်း နယ်ကပဲ။ ဒါပေမဲ့ ရန်ကုန်ကို ရွာကို မခံစားမိပါဘူး။ ရန်ကုန်ကို ချစ်တယ်။

    ReplyDelete